Saturday, December 17, 2011

သမ္မတအခုပြောနေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်နေပြီးဆိုရင် ဘာတွေပြောင်းလဲနေပြီးလဲ။

သမ္မတပြောနေတဲ့ မြန်မာနိုင်ငံ တကယ်တိုးတက်တာမှန်ရင် ဘာတွေပြောင်းလဲနေပြီးလဲ။ အခုအချိန်မှာ အားလုံးက နိုင်ငံရေးအကျဉ်းသားတွေကိုပဲ အာရုံဆိုက်နေကြပါတယ်။ ဒါကမြန်မာပြည်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အတွက်အားနည်းချက်လို့ ပြောချင်ပါတယ်။ ဒီသမ္မတဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် အစိုးရရဲ့လုပ်ရပ်အားလုံးကို ဒီတိုင်းလက်ပိုက်ကြည်မနေသင့်ပါဘူး။ ထို့ပြင် သမ္မတကသာ တကယ်နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတယ်ဆိုတာ သူ့အနေနဲ့အသေးအဖွဲပါ။ သူသာ တကယ်နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့လိမ်စရာမလိုဘူး၊ ဒါအပြင် နိုင်ငံအတွက် တိုးတက်ရေးတွေကိုပဲလုပ်နေမှာပါ။ ထိုသို့လွတ်မပေးခြင်းမှာလဲ သိန်းစိန်အပါအဝင် နောက်ကွယ်က အုပ်ချုပ်နေတဲ့ သန်းရွှေနဲ့ အပေါင်းအပါတွေက သူတို့ထဲမှာ လှစ်ဝှက်ချက်တစ်ခုတော့ ရှိရမယ်။ ဒါကိုသိဖို့တော့ ပြည်သူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ စစ်တပ်ဖက်က လက်အောက်ငယ်သားတွေက ထိုကိစ္စကို သိရင်လက်စား လက်ယူမလုပ်ပဲနဲ့ ချက်ချင်းပဲ နိုင်ငံရေး Website/သတင်းဌာန တွေကို အသိပေသင့်ပါတယ်။ ထိုသို့လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံကြီးကို ကယ်တင်နိုင်တဲ့အပြင် သင့်အပါအဝင်မြန်မာနိုင်ငံသားအားလုံး စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်မှာဖြစ်ပါတယ်။ ကယ်တင်နိုင်တယ်ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတော်တော်များများကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရအစစ်အမှန်ကိုတော့ သိကြမယ်တော့ မထင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကျွန်တော်လဲ အရင်က ဒီမိုကရေစီအစစ်အမှန်ကို မသိခဲ့လို့ဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် ဒီမိုကရေစီဆိုတာ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ဆိုတာကို အသေးအဖွဲတော့ မထင်လိုက်ပါနဲ့ ဘာလို့လဲဆိုတော့ မြန်မာပြည်က အရာရှိသားသမီးတွေ လုပ်နိုင်သလို့ ပြည်သူများကလည်း သူတို့လို တန်းတူအခွင့်အရေးရှိပါတယ်။ ဒါကိုနည်းတယ်လို့ ဆိုနိုင်အုံးမလား။ ထို့ကြောင့် အားလုံးပူပေါင်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို ရယူရမှာပါ။ ဒါက တစ်ယောက်ထဲလဲလုပ်လို့ မရပါဘူး၊ အများနဲ့ပူပေါင်းဆောင်ရွက်မှရမှာ ပါ။ သူများပြောတိုင်း/ သမ္မတပြောတိုင်း နိုင်ငံက တိုးတက်နေပြီး၊ ဒါမှမဟုတ် သူများပြောတာကို ချင့်ချိန်ပြီး မယုံရင် နိုင်ငံကတိုးတက်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် နိုင်ငံတိုးတက်ဖို့က သမ္မတပြောလို့ မတိုးတက်ဘူး၊ မပြောင်းလဲဘူး/ ခေါင်းဆောင်ကောင်းတိုင်း နိုင်ငံမတိုးတက် လူမျိုးကောင်းမှ နိုင်ငံတိုးတက်မည်။ ထိုကြောင့် ကိုယ်ကိုတိုင်က/ အားလုံးက ကျိုးစားမှ နိုင်ငံတိုးတက်မည်၊ လူမျိုးတိုးတက်မည်၊ တစ်ကမ္ဘာလုံးတိုးတက်မည်။ များသောအာဖြင့်က လူငယ်တွေ ပေါ်မှာ နိုင်ငံဟာ တော်တော်များများသက်ဆိုင်နေတယ်။ ဘာ့ကြောင့်သက်ဆိုင်တာလဲ ဆိုတဲ့မေးခွန်းကို ကျွန်တော်ပြောပါမယ်။ လူငယ်တွေမှာ အများဆုံးသက်ဆိုင်တာ ဘာလို့သက်ဆိုင်သလဲဆိုတော့ ဒီလူငယ်တွေထဲက ကျိုးစားတဲ့လူက ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်တယ်၊ အောင်မြင်တဲ့စီပွါးရေးရှင်တွေဖြစ်နိုင်တယ်၊ တခြားတခြားသော တိုးတက်အောင်မြင်တဲ့လူတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတိုးတက်တာကို ကိုယ်နဲ့မဆိုင်ဘူး လို့မထင်လိုက်ပါနဲ့ ကိုယ်ကနိုင်ငံတိုးတက်တာလိုချင်ရင် ကိုယ်ကလဲကျိုးစားမှ စစ်မှန်တဲ့ ဒီမိုကရေစီရမယ်၊ နိုင်ငံလဲတိုးတက်မယ်လို မြန်မာလူမျိုးများအားလုံးကို သတိပေးပြောကြားလိုပါတယ်။ အားလုံးကိုလဲ အနူးအညွန့်တောင်းပန်လိုပါတယ်။

Tuesday, December 6, 2011

မြန်မာနိုင်ငံကြီး ခေတ်မှီတိုးတက်ရေးအတွက် ပြောင်းလဲရန်



မြန်မာနိုင်ငံကြီး ခေတ်မှီတိုးတက်ရေးအတွက် ပြောင်းလဲရန် လုပ်ဆောင်ရန်အချက်များကို နိုင်ငံရေးသမားများ ဆွေးနွေးတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်အမြင်တွေ မတူတာတွေကို ဘီဘီစီတို့မှာ တွေ့ရပါတယ်။ ထိုအချက်ကြောင့် မြန်မာနိုင်ငံရဲ့ ခေတ်မှီတိုးတက်ရေးကို အနှောက်အရှက်တွေ ဖြစ်နိုင်ပါတယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေအားလုံးဟာ အငြင်းပွါးမနေပဲ နဲ့ တညီတညွတ်ထဲ မြန်မာနိုင်ငံတိုးတက်ရေးအတွက် အဓိက ဖြစ်နိုင်မဲ့အချက်တွေကို ဆွေးနွေးတိုင်ပင်ပြီးတော့ တညီတညွတ်ထဲ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ပြီးတော့ မဟုတ်မမှန်တွေကို လိမ်လည်နေတဲ့ အစိုးရကြီးကို ဖြုတ်ချနိုင်မှာပါ။ ယခုဖြစ်နေတာကို ပြောရရင် ရန်သူ(ခေါ်) စစ်တပ်အရာရှိကြီးတွေ၊ သမ္မတတွေ၊ လွတ်တော်တွေ နဲ ဝန်ကြီးတွေက ပြည်သူတွေနဲ နိုင်ငံရေးလှုပ်ရှားသူတွေအားလုံးသူတွေ ထက်စာရင် တစ်ကွပ်သာနေတာတွေတွေ့နေရပါတယ်။ ထိုရန်သူက စည်းလုံးပြီး သူတို့လုပ်ချင်တာတွေကို တညီတညွတ်ထဲ လုပ်ဆောင်နေတာ စာဖတ်ပရိတ်သတ်ကြီးလဲ သိကြမှာပါ။ ထိုကြောင့် အရင်တုန်းက လိုပြည်သူတွေက ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးကွာ ဆိုပြီး ဒီတိုင်းထိုင်ကြည်နေမယ်၊ နိုင်ငံရေးလှုပ်ရှားသူတွေဘက်ကလည်း ဆက်လတ်ပြီး အငြင်းပွါးနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တိုးတက်ရေးဟာ ဆက်လက်ကြန့်ကြာနေအုံးမှာ ပါ။ ထိုအကျင့်ဆိုးတွေကို ဖြောက်ပျက်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တိုးတက်ရေးဟာ မကြန့်ကြာနေတော့ပါဘူး။ ဒီမိုကရေစီနဲလည်း နီးသထက်နီးလာမှာဖြစ်ပါတယ်။ နောက်ပိုင်းကြမှ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြန်လည်တင်ပြပေးပမယ်။ ထိုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် အမေစုကို အားလုံးက မေးကြတယ် "ဘယ်တော စစ်မှန်တဲ့ဒီမိုကရေစီ ရမှာလဲ" ဆိုတဲ့ မေးခွန်းကို အမေစုဖြေတဲ့ "ဘယ်တော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရမလဲ ဆိုတာ ပြည်သူတွေအားလုံးပေါ်မှာ သက်ဆိုင်တယ်" ဆိုတဲ့အဖြေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။ ကျွန်တော်အပါအဝင် စာဖတ်ပရိတ်သတ်နဲ့ ပြည်သူများလည်း အမေစုကိုလေစားကြမှာပါ။ဒါပေမဲ့ လေးစားနေလို့ တင်မပြီး သေးပါဘူး။ သူမကို လေးစားလို့ သူ့မအနေနဲ့ အားတက်စရာ ဖြစ်မလာပါဘူး။ သူမပြောတဲ့ စကားကို တတွေတသိမ် လိုက်နာမှ သူ့အနေနဲ့လဲ အားတက်လာမှာပါ။ သူအားတက်မှလည်း မြန်မာနိုင်ငံကြီး မြန်မြန်တိုးတက်လာမှာပါ။ ယခု သူမက ရန်သူကို အသာစည်းကနေ နေနိုင်ဖို့အတွက် အသေအလဲပြင်ဆင်နေတာ အားလုံးလည်း သိကြမှာပါ။ သူမလုပ်နေတာ သူကောင်းစားဖို့ လုပ်နေတာမဟုတ်ဘူး ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ သူမအသက် (၆၀) ကျော်ပေမဲ့ အသက် (၃၀) သို့မဟုတ် (၃၀) ထက် ငယ်တယ်လို့ ထင်ရလောက်အောင် ကျိုးစားပြင်ဆင်နေတာ အားလုံးလည်း သိကြမှာပါ။ ဒါကိုကြည့်ပြီး ပြည်သူများက သူမ အခုမသေပါဘူး လို့တော့မထင်လိုက်ပါနဲ့ ဗုဒ္ဓကလည်း "လူဆိုတာ သေခြင်းတရားနဲ့ ကျောနဲ ရင်ဘတ်လို ကပ်နေတာလို့" ဟောကြားထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ပြည်သူများ အားလုံးနဲ့ တခြားနိုင်ငံကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးက အမေစုလို ကျိုးစားကြမယ်ဆိုရင် ရန်သူဟာ ကြာကြာခံနိုင်မှာ မဟုတ်ပါဘူး။ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များလည်း သိကြတဲ့ အတိုင်းပဲ ရန်သူဦးရေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာလူဦးရေနဲ့ ယှဉ်လိုက်ရင် ဘာမှ မရှိဘူး တောင်ထင်ရပါတယ်။ ထိုရန်သူကို နည်းတယ်ထင်ပြီး ရှော့မတွက်လိုက်ပါနဲ ရန်သူဟာ သေးပေမဲ့ သူအစွယ်နဲ့ သူပါ။ ရှော့တွက်လို့လည်း အခုထိ ရန်သူကို အနိုင်မရသေးတာပါ။ယခုအချိန်ဟာ မြန်မာပြည်သူတွေ အတွက် အခွင့်ကောင်းပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံရေးကို စိတ်နေကြတဲ့ အချိန်ပါ။ ဒါကိုအခွင့်ကောင်းယူပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်ပြီး အောင်ပွဲခံနေမယ် ဆိုရင်တော့ ဒီမိုကရေစီရဲ့ ဘိုး၊ဘွား၊ဘီ၊ဘင်မပြောနဲ ဒီမိုကရေစီရဲ့ သား၊မြေး၊မြစ်တွေတောင် အနားကပ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လောက်အရေးပါလဲဆိုတာ အခုမှ သိတော့တယ်။ ငယ်ငယ်တုန်းက သိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဒီလောက်ထိအရေးပါလိမ်လို့ မထင်ထားခဲ့မိခဲ့ဘူး။ အခု ကျွန်တော် အသက်ကြီးမှ သူအကြောင်းကို အမေစုနဲ့ဆက်ဆက်ပြီး တွေးကြည့်မှ ဒီလူကြီးက နိုင်ငံအတွက် တော်တော်အရေးပါတဲ့ လူဆိုတာ သိလာပါတယ်။ သူလုပ်ကျန်ခံရလို့ နိုင်ငံဟာ စုတ်ပျက်ငတ်ပျက်ခြောက်ကပ်၊ မြန်မာနိုင်ငံသားတွေ တခြားနိုင်ငံ သွားရင် အလူအလဲ အနှိုမ်ခံနေရတာ အမေစုအစား ကျွန်တော်ပြန်စဉ်းစားကြည့်ရင် အခု တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အရာရှိကြီးတွေကိုရော၊ ဗိုလ်ချုပ်ကို လုပ်ကျန်သတ်ပျက်တဲ့လူကိုရော ဒေါသဖြစ်မီပါတယ်။ ကျွန်တော်က သာဒေါသထွက် နေတာ တကယ် အဆုံးအရှုံးခံ၊ အနစ်အနာခံရတဲ့ အမေစုကတော့ ဗုဒ္ဓဟောတဲ့ တရားသဘောအရ ကျွန်တော်စံထားလောက်တဲ့ ပုတ်ကိုထဲမှာ အမေစုက ထိပ်ဆုံးက ပါနေပါတယ်။သူ့ခမျာ အဖေလည်း အဆုံးအရှုံးခံရတာတင်မကသေဘူး၊ အဖေအဆုံးအရှုံးခံရလို့များ တိုင်းပြည်ကကောင်းသွားသလားဆိုတော့ စာဖတ်သူသိတဲ့ အတိုင်းပဲ စုတ်ပျက်နေတာ အမေစုနေရာမှာသာဆိုရင် ကျွန်တော်စိတ်တက်ကျမှာကတော့ ပြေးပြီး အမေစုနေရာကနေ နေပြီပြီးတွေး ကြည့်စရာမလိုပါဘူး အခုချက်ချင်းတောင် အဖြေထွက်လာပါတယ်။ ဒါကြောင့် အမေစုလို အဖေကော၊ တိုင်းပြည်ကော အဆုံးအရှုံးခံရတဲ့ အဖြစ်ကို အားမ
ငယ်ပဲနဲ တိုင်းပြည်အတွက် ကျိုးစားနေတာကိုကြည့်ပြီး မြန်မာ ပြည်သူပြည်သားအားလုံးကိုလည်း နိုင်ငံရေးမှာ သူမလိုပဲ အားတက်သရော ပါဝင်လုပ်ဆောင်ကြပါလို့ အမေစုကိုယ်စားအနူးအညွန် တောင်းပန်လိုပါတယ်။ ထိုကြောင့် တိုင်းပြည်ရဲ့ရှေ့ရေးကို ကြည့်ပြီး ပြည်သူထဲက အကြံပေး/နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက်အနေနဲ မြန်မာနိုင်ငံရဲ့ တိုးတက်ရေးအတွက် နည်းလမ်းကို ထောက်ပြရင်း ဒီမှာတင် နိဂုန်းချုပ်ပရစေ။

Sunday, November 27, 2011

တိုင်းရင်းသားများမဟာမိတ်အဖွဲ့က ဝန်ကြီးကလင်တန်သို့ အိတ်ဖွင့်စာပေးရန်စီစဉ်နေ


မြန်မာနိုင်ငံသို့ ဝန်ကြီးကလင်တန်လာလျင် တိုင်းရင်းသားမဟာမိတ်အဖွဲ့က မြန်မာနိုင်ငံအခြေအနေအကြောင်းရေးထားတဲ့စာကို ဝန်ကြီးကလင်တန်သို့ ပေးမည်ဟုသိရပါသည်။ ထိုစာထဲတွင် အစိုးရက ပြောနေတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာမဟုတ်ကြောင်းနဲ လူ့အခွင်အရေးတွေ ချိုးဖောက်နေတာတွေ၊ တိုင်ရင်သားဒေသတွေမှာ စစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေရတဲ့ အကြောင်းတွေပါဝင်မှာဖြစ်ပါတယ်။ ၎င်းတို့ကို ဟင်လရီကလင်တန်နဲ သူ့အဖွဲ့သားတွေ သိစေစီစဉ်တယ်လို့ သိရပါတယ်။

Saturday, November 5, 2011

GW songs


ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ နိုင်ငံရေး


"ကိုယ်တစ်ယောက်ထဲအတွက်၊ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။"

သတင်း!!!!!


အခုလို အစစအရာရာ ခေတ်မှီတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ တိကျမှန်ကန်မြန်ဆန်တဲ့ သတင်းမီဒီယာဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ သတင်းမီဒီယာတွေ မရှိတဲ့ နိုင်ငံဟာ ဆုတ်ယုတ် မှု အများကြီးရှိနိုင်ပါတယ်။ စီးပွါးရေးအရ ကြည့်မလား၊ သဘာဝဘေးအန္တရာယ်ဘက်က ကြည့်မလား တော်တော်များများက သတင်းတွေပေါ်မှာ မှီခို နေရပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ငံကို မုန်တိုင်းဝင်တော့မယ်ဆိုတာ သတင်းတွေကပဲ သိနိုင်ပါတယ်။ ထိုသို့ သိဖို့ကလဲ သတင်းတွေကို အချိန်တိုင်း ထုတ်လွှင့်ခွင့်ပြုဖို့ လိုအပ်ပါတယ်။ တဖန် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လဲ အစိုးရနဲ ပြည်သူအကြားမှာ ဆက်သွယ်ပေးနိုင်တာ သတင်းမီဒီယာတွေကပဲ အများဆုံးလုပ်ပေးနိုင်မှာပါ။ ဒီလို သတင်းမီဒီယာတွေက အဓိကကျချိန်မှာ မြန်မာအစိုးရက စတုတ္ထမန်တိုင်လို့ ပြောနေတာက သဘာဝမကြပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရက တကယ်မပြောင်လဲချင်ဘူး ဆိုတာ သိသာနေပါတယ်။ သူတို့ ပါးစပ်ထဲက ဒီမိုကရေစီနိုင်ငံဖြစ်ပြီးလို့သာ ပြောနေတာ၊ ဒီမိုကရေစီနဲ့က လူနှစ်ယောက်ကျောခြင်းကပ်ပြီး ပြေးနေသလို ဝေးပြီးရင်းဝေးနေပါတယ်။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတွေမှာ သတင်းတွေက အပတ်တိုင်း မပြောနဲ တီဗီမှာ အရေးကြီးရင်ကြီးသလို အချိန်တိုင်းလွှင့်နေတာ၊ မြန်မာနိုင်ငံမှာတော့ တစ်ပတ်တစ်ခါထုတ်တဲ့ သတင်းကိုတောင် ဟိုနားကဖြတ်လိုက်ဒီနားကဖြတ်လိုက်နဲ့ သတင်းမီဒီယာတွေမှာ မှန်ကန်တိကျတဲ့ သတင်းတောင် ထုတ်ခွင့်မရသေးဘူး။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့က လွတ်လပ်စွာ သတင်းယူခွင့်၊ ထုတ်ဝေခွင့်ပြုဖို့ လိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီရဲ့အနှစ်သာရရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူများအားလုံး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်နိုင်ပါစေ။

Friday, October 28, 2011

General Aung San's Portraits Are Banned in Offices

General Aung San was, is and will always be the hero of Burma. But the new regime is not allowing to hang his portraits in goverment offices. So much for "Democracy". It's very obvious that the government hasn't changed a bit and everything they are trying to do now is all fake.



News Source: http://www.bbc.co.uk/burmese/burma/2011/10/111021_bogyoke_aungsan.shtml

Friday, October 21, 2011

The End of A Dictator

Today is a very auspicious day for Libya and freedom fighters around the world. Gaddafi has been killed. I am sure he never imagined that he would die like that, as all dictators including Than Shwe think.





But Than Shwe shuffled the cabinet and confused Burmese people with the new government and a lot of changes. Probably in desperate attempt to survive. Would you forgive Than Shwe and let him live?

"Don't shoot, don't shoot" and "What did I ever do to you?" are the sweetest words coming out of any dictator.

Monday, October 17, 2011

လူလိမ်လူညာကြီး သိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်လိုက်ပြီတဲ့။ ဘာနဲ့သတ်သေပြမလဲ?????


သိန်းစိန်ကတော့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်လိုက်ပြီ လို့မိန့်ခွန်းမှာသာပြောတာ လက်တွေ့မှာ ဘာနဲ့သတ်သေပြမလဲ။ ထိုအကြောင်းကို သတင်းယူခွင့်မပေးတာ၊ သွားကြည့်ခွင့်မပေးတာ တကယ်ရပ်တယ်ဆိုတာ ဖြစ်နိုင်ပမလား။ တကယ်ရပ်တယ်ဆိုရင် သတင်းမီဒီယာတွေကို ၎င်းနေရာကို သွားရောက်သတင်း ယူခွင့်တွေ ပေးရမည့်အစား သတင်းသွားရောက်ယူ သူများကို ဘာ့ကြောင့်ပြန်လွတ်ရတာလဲ။ ၎င်းမသင်္ကာစရာ မေးခွန်းများကြောင့် ပြည်သူများနဲ့ နိုင်ငံရေးလှုပ်ရှားသူများကို ဒီအစိုးရအား မျက်လုံးမှိတ်မယုံရန် ပြောချင်ပါသည်။ ကိုယ်ကိုတိုင် မျက်စိနှင့်တတ်အက် မြင်မှယုံကြည်ကြရန် နှိုးဆော်အပ်ပါသည်။ လူလိမ်အစိုးရ လက်အောက်မှ ကင်းလွတ်ကြပါစေ။

source: http://freedomnewsgroup.com/2011/10/17/suspect-dam-building-continues/

Sunday, October 16, 2011

မြန်မာနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိုဇာဂနာပြောတဲ့ ကြောင်လေးကောင် ဥပမာ။


ကိုဇာဂနာက ပြောတယ် "ဘယ်တိုင်းပြည်မှာ မဆို စစ်ဖြစ်နေတဲ့ တိုင်းပြည်က တိုင်းပြည်တိုးတက်အောင် ဘယ်လိုလို့လုပ်နိုင်ပမလဲ။ အဲ့ဒါနဲ ပတ်သက်တဲ့ ကျွန်တော်ကြုံတွေ့ခဲ့ရတယ် ဥပမာတစ်ခုက ကျွန်တော်အကျဉ်းထောင်မှာ ကြောင်လေးတစ်ကောင်မွေးတယ် အဲဒီ ကြောင်လေးကို ကြောင်ကြီးတစ်ကောင်က လာကိုက်သွားတယ်။ အဲဒီ ကြောင်လေးက သူနဲ့အတူတူမွေးတဲ့ ကြောင်သုံးကောင်းထက်စာရင် မကြီးတော့ဘူး။ ဘာလို့လဲ ဆိုတော့ သူ့အသက်ရှင်အောင်ရုန်းနေရတာ သူ့ကိုယ်သူကြီးအောင် မလုပ်နိုင်တော့ဘူး။ အဲ့ဒီအတွက် ကြောင့် ကျွန်တော်နမူနာ ရတယ်၊ ကျွန်တော်တို့ တိုင်းပြည်ဟာရှင်သန်အောင် မနည်းရုန်းနေရရင် မကြီးနိုင်တောဘူး။ ထို့ ကြောင့် အရှေတောင်အာရှမှာ ကျွန်တော်တို့ နိုင်ငံမြန်မြန်ကြီးချင်ပြီ။ စစ်ပွဲတွေ ရပ်မှဖြစ်မယ်။"

Thursday, October 13, 2011

နိုင်ငံရေးအကျဉ်းသား တွေလွတ်ပြီ!!!!!!! ဒါပေမဲ့ ဘာကြောင့် တခြားပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေနဲ့ ရောလွတ်ရတာလဲ??????

နိုင်ငံရေးလှုပ်ရှားသူတွေ၊အဖွဲ့အစည်း၊ မြန်မာပြည်သူများအားလုံး ဘာ့ကြောင့် ဒီအစိုးရက နိုင်ငံရေးအကျဉ်းသားအနည်းငယ်နဲ တခြား ပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေကို ရောလွတ်ရတာလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကိုစဉ်းစားစေချင်ပါတယ်။ ၎င်းရဲ့ အဖြေကို စဉ်းစားရင် အကောင်းနဲ့ အဆိုးဟု နှစ်မျိုး ထွက်လာပါတယ်။ အကောင်းဖက်က စဉ်းစားရင် ဒီအစိုးရက သန်းရွှေနဲ့ မတူဘူးဟုသာ ထင်ရပေမဲ့၊ အဆိုးဖက်က ကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို ထိမ်ချန်ထားချင်လို့လား ဆိုတဲ့သိုးလောသိုးလောတွေဟာ စဉ်းစား၍ပင် မကုန်နိုင်အောင်ပင် များပြားလှပါသည်။ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို တကယ် လွတ်ပေချင်စိတ်ရှိတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးပလား၊ ဘာလို တခြားပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေနဲ့ ရောလွတ်ရတာလဲ။ ဖမ်းတုံးကတော ဖမ်းချင်တဲ့ပြစ်မှုနဲ ဖမ်းတယ်။ လွတ်တော့ သူတို့ လွတ်ချင်သလို လွတ်လို့ရ မလား၊ ဘာမှပြစ်မှုမှ မလုပ်ခဲတဲ့လူတွေလေ။ နိုင်ငံရေးအကျဉ်းသားတွေဖက်က ကြည့်ရင် ဒါကမတရားတဲ့ နည်းလမ်းဖြစ်နေပါတယ်။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေ နဲ့ ပြည်သူများက လက်ပိုက်ပြီ ကြည့်မနေသင့်ပါဘူး။ တခုခုတော့ စဉ်းစား အဖြေရှာသင့်ပါတယ်။ ပြီတော့လဲ နှစ်(၂၀)ကျော် လုံးလုံး ပြည်သူတွေ အပေါ် နှိပ်စက်ခဲ့တဲ့ အစိုးရက ခုမှကောင်းပြနေတယ်ဆိုတာတွေကို ယုံသင့်သလားလို့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သင့်ပါတယ်။ ဒါမှ အတုအရောင် ဒီမိုကရေစီ ကနေ ရုန်းထွက်နိုင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ ခုလို အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေတဲ့အတွက် အားလုံးက ဝမ်းမြောက်ကြမှာပါ။ မြန်မာပြည်သူများ၊ နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေးလှုပ်ရှားသူများအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး ချမ်းသာကြပါစေ။

Monday, October 10, 2011

အပြောင်းအလဲ...အပြောင်းအလဲ


Steve Jobs ကတော့ ကမ္ဘာက လူသားတွေကို လွယ်ကူချောမွေ့စွာ နေနိုင် ရေးအတွက် နည်းပညာသစ်တွေနဲ အပြောင်းအလဲတွေ လုပ်ခဲ့ပြီ၊ မြန်မာပြည်မှာက သန်းရွှေ၊ အရပ်ဝတ်သမ္မတ သိန်စိန် နဲ့အပေါင်းအပါတွေ ကတော့ သူတို့ အာဏာတည်မြဲရေး၊ ကောင်းစားရေးအတွက် နည်းမျိုးစုံးသုံးပြီး အပြောင်းအလဲတွေ လုပ်နေပြီ။ သင်ကော ဘယ်သူ့အတွက် ဘာအပြောင်းအလဲတွေ လုပ်မလဲ??????

Wednesday, October 5, 2011

Thein Sein puppet government

ဗိုလ်ချုပ်အောင်ဆန်းအားပြောတဲ့စကား ပြောင်: ပြန်ဖြစ်

ဗိုလ်ချုပ်အောင်ဆန်းအားပြောတဲ့စကားက"လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။"လို.ပြောခဲ့ပါတယ်။အခုတော့ စစ်အစိုးရ လက်ထက်မှာ "ရဲဘော်တွေချမ်းသာရင်လူထုဆင်းရဲရမယ်"လို.ဖြစ်သွားပြီး။

Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေးလေးနှစ်ပြည့်


ရွှေဝါရောင် တော် လှန်ရေး လေးနှစ်ပြည့် ကာလ ကျရောက် တဲ့ စက်တင်ဘာလ ၂၆ ရက်
တနင်္လာ နေ့  နေ့ လည် ၁ နာရီ မှာ ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  မှာ ကချင် ပြည်နယ် မှာ
တည် ဆောက် နေ တဲ့ ဧရာဝတီ မြစ်ဆုံ ရေကာ တာ ဆန့် ကျင် ကန့် ကွက် ပွဲ တစ်ခု ကို လူငယ်
တွေ နဲ့  ကျောင်းသား တွေ(Just do it)အဖွဲ့ က ဦး စီး ပြီး ကျင်း ပ မယ်ဟုသတင်း ရရှိ သည်။

မူလ က တရုတ် သံရုံး ရှေ့ တွင် ကျင်းပ ရန် စီစဉ် ထား သော် လည်း အားလုံး ပါဝက် နိုင်ရန်
အတွက် ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  သို့  ရွှေ့ ဆိုင်း ရခြင်း ဖြစ် သည်။

မြို့ တော် ခန်း မ ရှေ့ တွင် ကျင်းပမည့် မြစ်ဆုံ ရေကာတာ ဆန့် ကျင် ကန့်  ကွက် ပွဲ ကို
ဖေ့ဘွတ် နှင့် တွစ်တာ အင်တာနက် လူမှု ကွန်ယက် မီဒီယာ များ တွင် လည်း နှိုးဆော်
ထား သည်။

Saturday, September 10, 2011

Being Arrested on Return Despite Promises


လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

Source: http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23

လွဲနေဆဲပါပဲ

တစ်နိုင်ငံလုံးမှီခိုအားထားနေရတဲ့ ဧရာဝတီမြစ်ကြီးကို ပေါက်ဖော်တွေမီးထွန်းဖို့ ဖျက်ဆီးတာ အဓိပ္ပါယ်မရှိဘူး။
နိုင်ငံကအဆင်းရဲဆုံးစာရင်းပါနေချိန်မှာ ခေါင်းဆောင်ဆိုသူတွေက "စိန်စီသောညတွေ" ပဲ လုပ်နေတာလည်း အဓိပ္ပါယ်မရှိဘူး။
ပရဟိတသူရဲကောင်း ဦးကျော်သူတို့ကိုတုပြီး ဖွင့်တဲ့ဆေးခန်းတွေမှာ စေတနာမပါတော့ လူတောင်မရှိတာလည်း အဓိပ္ပါယ်မရှိဘူး။
ဗေဒင်ဆရာတွေပြောသမျှကို ရူးသလိုလို ပေါသလိုလို လိုက်လုပ်နေတာ လည်း အဓိပ္ပါယ်မရှိဘူး။
ဘောင်းဘီဝတ်ထားရင် တရုပ်မကြီးတောင် ကြောက်ကြောက်နေရတာလည်း အဓိပ္ပါယ်မရှိဘူး။
လက်တစ်ဆုပ်စာလူတစ်စု ကောင်းစားဖို့ အောက်ခြေကစစ်သားတွေမှာ ကျွန်ခံပြီး ဘတ်စ်ကားတောင်အနိုင်နိုင်စီးနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
ဒီလက်တစ်ဆုပ်စာလူတစ်စုကြောင့်ပဲ စစ်သားဆိုရင် မုန်းနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
သံဃာတော်တွေကိုတောင်သတ်တဲ့သူတွေက လက်အုပ်အချီခံချင်နေတာလည်း အဓိပ္ပါယ်မရှိဘူး။

Wednesday, August 31, 2011

To Liberation of Burma

Gaddafi's days are nearly over. What is a great news for freedom fighters!! After all, no dictatorship will last and Burma is no exception either. Why can't we be like them too? We can topple the junta and its followers if our ethnic groups like KIA, DKBA, KNU etc get united and fight to achieve our common goal, "Freedom".

Monday, August 15, 2011

Monday, August 8, 2011

23rd Anniversary of 8888 Uprising in Burma

ဒီနေ့ဟာ ရှစ်လေးလုံး ၂၃နှစ်မြောက်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ကြိုးပမ်းရင်း ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာ၊ ပေးဆပ်ခဲ့ရတဲ့ မိသားစုပေါင်းများစွာဟာ မရေမတွက်နိုင်ပါဘူး။ ကျဆုံးသွားကြတဲ့ ရဲဘော်အပေါင်း၊ အဖမ်းခံထားရတဲ့ သူငယ်ချင်းအပေါင်းကို အမြဲသတိရတမ်းတရင်း ဆုတောင်းမေတ္တာပို့သလျှက်ရှိပါတယ်။ ဒီသားကောင်းများရဲ့ပေးဆပ်မှုတွေ အချည်းနှီးမဖြစ်ရအောင် ကျွန်တော်တို့အားလုံးကြိုးပမ်းရမှာဖြစ်ပါတယ်။


Today marks the 23rd anniversary of 8888 Uprising in Burma. Many lives have been lost fighting for democracy and many families have been destroyed. Our thoughts and prayers are with all fallen comrades and colleagues in prison. We all should keep working towards democracy so that those heroes of Burma did not sacrifice themselves in vain.



Thursday, June 30, 2011

dictator of Burma

What did Bo Aung San say??

ဗိုလ်ချုပ်အောင်ဆန်းအားပြောတဲ့စကား


"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင်တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။လူထုငတ်ရင်အားလုံးငတ်မယ်

လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့

အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"

By http://www.facebook.com/note.php?note_id=235158586501796

Sunday, May 22, 2011

Words from Our Heroic Brother Zayar Thaw



မကြိုက်တဲ့အရာတွေကိုငြင်းပယ်ဖို့သတ္တိရှိကြပြီး၊အမှန်ကိုမလုပ်ရဲရင်တောင်မှအမှားတွေကို
မထောက်ခံကြဖို့တိုက်တွန်းနိုးဆော်ချင်ပါတယ်။
ဇေယျာသော် (GW)

Thursday, May 19, 2011

ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အသိပေးကြေညာချက်


http://www.irrawaddyblog.com/2011/05/blog-post_8565.html (Facebook မှ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အွန်လိုင်းအသုံးပြုမှုနှင့် ပတ်သက်သော အသိပေးချက်ကို ပြန်လည်ကူးယူ ဖော်ပြပါသည်။)


Online မိတ်ဆွေများခင်ဗျာ ..
ကျနော့် facebook account နှင့် gmail account များကို password
ခိုးယူခြင်း၊ အချက်အလက်များကို ခိုးယူခြင်းခံနေရပါသည်။ ထိုသို့
ခိုးယူသွားသော သူတို့က ရရှိသွားသော အချက်အလက်များကို အသုံးချ၍ ကျနော့်ကို
သတင်းပေးအဖြစ် အကြပ်ကိုင်စေခိုင်းရန်ပင် ကြိုးစားလာပါသည်။
အလိုက်အထိုက်ပြောဆို၍ သိလာရသောအချက်မှာ ထိုသူတို့သည် Blink Hacker Group
အဖွဲ့ဝင်တစ်ဦး ရောက်ရှိနေထိုင်နေသော တိုင်းပြည်နှင့် သူ၏ အလုပ်အကိုင်ကို
သိလိုသည်ဟု ဆိုပါသည်။ ရန်သူနှင့် အပေးအယူလုပ်ရန် အစီအစဉ်မရှိသောကြောင့်
ထိုအကြောင်းကို သိရလျှင်သိရခြင်း Blink Hacker Group အား
ကျနော်ဆက်သွယ်သတိပေးခဲ့ပါသည်။ BHG မှ ညီငယ်နှင့် တိုင်ပင်ဆွေးနွေးရာ
ကျနော့်အားတိုက်ခိုက်နေသူသည် ပြည်တွင်းမှ IT သမားတစ်ဦးဖြစ်ကြောင်း
သိရသည်။ ၄င်းအပြင် ထိုသူသည် ကိုယ့်ကိုယ်ကို ရုရှားရောက်
အရာရှိတစ်ဦးသဖွယ် ပြောဆိုသုံးနှူန်းခဲ့သော်လည်း mpt server မှ online
တက်နေခြင်းသာဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။
ပြည်ပအတိုက်အခံအဖွဲ့အစည်းများသို့ အတင်းအဖျင်း email များပေးပို့ခြင်း၊
အထူးသဖြင့် ကျနော့် Email မှ ရရှိသွားသော ဗိုလ်ရဲထက်၏
ဖုန်းနံပတ်ကိုအသုံးချ၍ Patriotic War Veterans of Burma (PWVB) အဖွဲ့သို့
ဗိုလ်ရဲထက် အယောင်ဆောင် ဝါဒဖြန့်သွေးခွဲစာပေးပို့ခြင်းများကိုလည်း
ပြည်တွင်းမှပင် စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် နအဖနှင့်
နအဖအလိုတော်ရိများကို မပြေသည့်ရန်ငြိုးဖွဲ့ခဲ့ပါသည်။ ကျနော်ပြည်ပသို့
တိမ်းရှောင်လာကာစတွင် ထိုင်းနိုင်ငံအထိ နအဖသူလျှိုတို့
လိုက်လံထောက်လှမ်းခဲ့ကြောင်း မိတ်ဆွေအဖွဲ့အစည်း၏ တန်ပြန်ထောက်လှမ်းချက်အရ
သိရသည်။ ထိုနအဖသူလျှိုတို့၏ အစီရင်ခံစာပင် ကျနော့်လက်ဝယ်ရှိနေသေးသည်။
ကံကောင်းထောက်မသဖြင့် နအဖသူလျှိုတို့လက်မှ ကျနော် လူပုဂ္ဂိုလ်အားဖြင့်
လွတ်မြောက်ခဲ့သော်လည်း အတိုက်အခံပုဂ္ဂိုလ်များ၏ ထောက်ခံအားပေးမှု၊ ပြည်ပ
မီဒီယာများမှ မကြာခဏ တွေ့ဆုံမေးမြန်းမှုတို့ကြောင့် တီဗီ၊ ရေဒီယိုနှင့်
အင်တာနက်စာမျက်နှာများ၌ မကြာမကြာဖော်ပြခြင်းခံရသည့် ကျနော့်အမည်သည်
နအဖအလိုတော်ရိတို့အတွက် မျက်စိစပါးမွှေးစူးစရာ
ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြန်ပါသည်။ ယခုကျနော့် facebook account နှင့်
gmail ထံမှ ခိုးယူရရှိသွားသော (မိတ်ဆွေအပေါင်းအသင်းများစွာနှင့်
တစ်နှစ်တာကာလပတ်လုံး ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့သော
စကားများ)အချက်အလက်များသည်
နအဖအလိုတော်ရိတို့ရည်မှန်းချက်အောင်မြင်ရန်အတွက်
တစိတ်တပိုင်းအထောက်အကူဖြစ်စေမည်မှာ သံသယ ရှိစရာမလိုသော်လည်း ထို့အတွက်
ကျနော့်အနေဖြင့် စိုးစဉ်းမျှ ပူပန်ခြင်းမဖြစ်ပါ။ လူပဲသေသေ၊ နာမည်ပဲသေသေ
သမိုင်းမှာ ကျနော် နှစ်ဖက်ချွန်သူလျှိုတစ်ဦး အဖြစ်မခံခဲ့ကြောင်း
သက်သေပြဖို့သာ လိုရင်းဖြစ်သည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် ကိုယ်ပိုင်အရာအားလုံးအား
ရင်းနှီးရဲပေမယ့် ငဲ့ညှာထောက်ထားရမည့်သူများလည်း ရှိနေပြန်သည်။
အားလုံးသိကြသည့်အတိုင်း မြန်မာပြည်တွင်းမှ အင်တာနက် အသုံးပြုသူများမှာ
အီလက်ထရောနစ်အက်ဥပဒေ၏ ခြိမ်းခြောက်မှုကိုလည်း တချိန်တည်းလိုလို
ရင်ဆိုင်နေရပါသည်။ သာဓကမှာ ကျနော့် gmail account ကို မတ်လ ၃၁ ရက်နေ့တွင်
ခိုးယူခြင်းခံခဲ့ရပြီးနောက် ဧပြီလ ၂ ရက်နေ့မှာပင် ပြည်တွင်းမှ
မိတ်ဆွေသူငယ်ချင်းတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါသည်။ ထို့နည်းတူပင်
ကျနော့် gmail account ထဲရှိ contact မိတ်ဆွေများကိုလည်း
လိုက်လံတိုက်ခိုက်နေပါသည်။ ကျနော့်အမှတ်ဖြင့်လက်ခံစကားပြောလျှင်ပင်
ထိုလူမှ valid code ရရှိသွားပြီး မိတ်ဆွေတို့၏ gmail ကို
ခိုးယူရရှိသွားနိုင်သည်ဟု သိရပါသည်။ မိတ်ဆွေ သုံးဦးထက်မနည်း password
ပြောင်းလိုက်ရသည်ဟု သိရှိရပြီး တချို့မှာ ၄င်းတို့၏ gmail account
များပင် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။ ကျနော့်ထံသို့ အနယ်နယ်အရပ်ရပ်မှ
ဆက်သွယ်လာသူများ များပြားလာသည်နှင့်အမျှ ကျနော့် facebook account
မှာလည်း ရန်သူ့ထောက်လှမ်းရေးသမားများအတွက် သတင်းအချက်အလက်စုဝေးရာ
ဘဏ်တိုက်တစ်ခုဖြစ်လာပါသည်။ ယခု ထိုဘဏ်တိုက်ကြီး၏ လုံခြုံရေးကို
ကျနော့်ညံ့ဖျင်းမှုကြောင့် မထိန်းသိမ်းနိုင်တော့ပါ။ ကိုယ်ကိုယ်တိုင်က
ရန်သူ့သတင်းပေးအဖြစ်မခံခဲ့သော်လည်း လုံခြုံမှုမရှိသော ကျနော့်၏ facebook
account မှာ အလိုလိုနေရင်း ရန်သူ့သတင်းပေးဖြစ်နေပါပြီ။ ထို့ကြောင့်
ကျနော်ယခု အသုံးပြုနေသော facebook account အား terminate
လုပ်ရတော့မည်ဖြစ်ကြောင်း မိတ်ဆွေအပေါင်းအား အသိပေးကြေငြာအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်…

စိုင်းသိန်းဝင်း (၁၇.၅.၂၀၁၁)

Tuesday, March 22, 2011

Final Days of Dictatorships

Now that many nations have joined forces to topple Gaddafi, his days are numbered. I hope Than Shwe will face the same fate again sooner or later.

These are some of the questions all Burmese people both inside and outside Burma should find answers.
- How do we make sure it (toppling of Than Shwe) happens sooner than later?
- How do we get UN forces involved?
- What are some things pro-Than Shwe groups might do to stop the uprising before it gains enough momentum?
- How do we keep the world up to date with what is happening in Burma if the government shuts down all Internet gateways?

Saturday, March 19, 2011

Libyan Jet Shot Down



This video shows a Libyan jet shot down on Saturday 19 March 2011. Troops led by France, UK and US attacked airbases of Libya.

ALL DICTATORSHIPS MUST SURRENDER TO DEMOCRACY!!! BEWARE, THAN SHWE & HIS FOLLOWERS.

Message from Daw Aung San Suu Kyi for 100th Anniversary of International Women’s Day

Saturday, March 5, 2011

Myanmar Revolution Next



အီဂျစ်က ပထမ။ လစ်ဗျားက ဒုတိယ။ မြန်မာပြည်လည်း မကြာခင်လာတော့ မှာပါ။ ညီစေနော် ရဲဘော်တို့။