တစ်နိုင်ငံလုံးမှီခိုအားထားနေရတဲ့ ဧရာဝတီမြစ်ကြီးကို ပေါက်ဖော်တွေမီးထွန်းဖို့ ဖျက်ဆီးတာ အဓိပ္ပါယ်မရှိဘူး။
နိုင်ငံကအဆင်းရဲဆုံးစာရင်းပါနေချိန်မှာ ခေါင်းဆောင်ဆိုသူတွေက "စိန်စီသောညတွေ" ပဲ လုပ်နေတာလည်း အဓိပ္ပါယ်မရှိဘူး။
ပရဟိတသူရဲကောင်း ဦးကျော်သူတို့ကိုတုပြီး ဖွင့်တဲ့ဆေးခန်းတွေမှာ စေတနာမပါတော့ လူတောင်မရှိတာလည်း အဓိပ္ပါယ်မရှိဘူး။
ဗေဒင်ဆရာတွေပြောသမျှကို ရူးသလိုလို ပေါသလိုလို လိုက်လုပ်နေတာ လည်း အဓိပ္ပါယ်မရှိဘူး။
ဘောင်းဘီဝတ်ထားရင် တရုပ်မကြီးတောင် ကြောက်ကြောက်နေရတာလည်း အဓိပ္ပါယ်မရှိဘူး။
လက်တစ်ဆုပ်စာလူတစ်စု ကောင်းစားဖို့ အောက်ခြေကစစ်သားတွေမှာ ကျွန်ခံပြီး ဘတ်စ်ကားတောင်အနိုင်နိုင်စီးနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
ဒီလက်တစ်ဆုပ်စာလူတစ်စုကြောင့်ပဲ စစ်သားဆိုရင် မုန်းနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
သံဃာတော်တွေကိုတောင်သတ်တဲ့သူတွေက လက်အုပ်အချီခံချင်နေတာလည်း အဓိပ္ပါယ်မရှိဘူး။
No comments:
Post a Comment