Thursday, October 13, 2011

နိုင်ငံရေးအကျဉ်းသား တွေလွတ်ပြီ!!!!!!! ဒါပေမဲ့ ဘာကြောင့် တခြားပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေနဲ့ ရောလွတ်ရတာလဲ??????

နိုင်ငံရေးလှုပ်ရှားသူတွေ၊အဖွဲ့အစည်း၊ မြန်မာပြည်သူများအားလုံး ဘာ့ကြောင့် ဒီအစိုးရက နိုင်ငံရေးအကျဉ်းသားအနည်းငယ်နဲ တခြား ပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေကို ရောလွတ်ရတာလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကိုစဉ်းစားစေချင်ပါတယ်။ ၎င်းရဲ့ အဖြေကို စဉ်းစားရင် အကောင်းနဲ့ အဆိုးဟု နှစ်မျိုး ထွက်လာပါတယ်။ အကောင်းဖက်က စဉ်းစားရင် ဒီအစိုးရက သန်းရွှေနဲ့ မတူဘူးဟုသာ ထင်ရပေမဲ့၊ အဆိုးဖက်က ကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို ထိမ်ချန်ထားချင်လို့လား ဆိုတဲ့သိုးလောသိုးလောတွေဟာ စဉ်းစား၍ပင် မကုန်နိုင်အောင်ပင် များပြားလှပါသည်။ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို တကယ် လွတ်ပေချင်စိတ်ရှိတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးပလား၊ ဘာလို တခြားပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေနဲ့ ရောလွတ်ရတာလဲ။ ဖမ်းတုံးကတော ဖမ်းချင်တဲ့ပြစ်မှုနဲ ဖမ်းတယ်။ လွတ်တော့ သူတို့ လွတ်ချင်သလို လွတ်လို့ရ မလား၊ ဘာမှပြစ်မှုမှ မလုပ်ခဲတဲ့လူတွေလေ။ နိုင်ငံရေးအကျဉ်းသားတွေဖက်က ကြည့်ရင် ဒါကမတရားတဲ့ နည်းလမ်းဖြစ်နေပါတယ်။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေ နဲ့ ပြည်သူများက လက်ပိုက်ပြီ ကြည့်မနေသင့်ပါဘူး။ တခုခုတော့ စဉ်းစား အဖြေရှာသင့်ပါတယ်။ ပြီတော့လဲ နှစ်(၂၀)ကျော် လုံးလုံး ပြည်သူတွေ အပေါ် နှိပ်စက်ခဲ့တဲ့ အစိုးရက ခုမှကောင်းပြနေတယ်ဆိုတာတွေကို ယုံသင့်သလားလို့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သင့်ပါတယ်။ ဒါမှ အတုအရောင် ဒီမိုကရေစီ ကနေ ရုန်းထွက်နိုင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ ခုလို အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေတဲ့အတွက် အားလုံးက ဝမ်းမြောက်ကြမှာပါ။ မြန်မာပြည်သူများ၊ နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေးလှုပ်ရှားသူများအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး ချမ်းသာကြပါစေ။

No comments: