Tuesday, December 6, 2011

မြန်မာနိုင်ငံကြီး ခေတ်မှီတိုးတက်ရေးအတွက် ပြောင်းလဲရန်



မြန်မာနိုင်ငံကြီး ခေတ်မှီတိုးတက်ရေးအတွက် ပြောင်းလဲရန် လုပ်ဆောင်ရန်အချက်များကို နိုင်ငံရေးသမားများ ဆွေးနွေးတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်အမြင်တွေ မတူတာတွေကို ဘီဘီစီတို့မှာ တွေ့ရပါတယ်။ ထိုအချက်ကြောင့် မြန်မာနိုင်ငံရဲ့ ခေတ်မှီတိုးတက်ရေးကို အနှောက်အရှက်တွေ ဖြစ်နိုင်ပါတယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေအားလုံးဟာ အငြင်းပွါးမနေပဲ နဲ့ တညီတညွတ်ထဲ မြန်မာနိုင်ငံတိုးတက်ရေးအတွက် အဓိက ဖြစ်နိုင်မဲ့အချက်တွေကို ဆွေးနွေးတိုင်ပင်ပြီးတော့ တညီတညွတ်ထဲ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ပြီးတော့ မဟုတ်မမှန်တွေကို လိမ်လည်နေတဲ့ အစိုးရကြီးကို ဖြုတ်ချနိုင်မှာပါ။ ယခုဖြစ်နေတာကို ပြောရရင် ရန်သူ(ခေါ်) စစ်တပ်အရာရှိကြီးတွေ၊ သမ္မတတွေ၊ လွတ်တော်တွေ နဲ ဝန်ကြီးတွေက ပြည်သူတွေနဲ နိုင်ငံရေးလှုပ်ရှားသူတွေအားလုံးသူတွေ ထက်စာရင် တစ်ကွပ်သာနေတာတွေတွေ့နေရပါတယ်။ ထိုရန်သူက စည်းလုံးပြီး သူတို့လုပ်ချင်တာတွေကို တညီတညွတ်ထဲ လုပ်ဆောင်နေတာ စာဖတ်ပရိတ်သတ်ကြီးလဲ သိကြမှာပါ။ ထိုကြောင့် အရင်တုန်းက လိုပြည်သူတွေက ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးကွာ ဆိုပြီး ဒီတိုင်းထိုင်ကြည်နေမယ်၊ နိုင်ငံရေးလှုပ်ရှားသူတွေဘက်ကလည်း ဆက်လတ်ပြီး အငြင်းပွါးနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တိုးတက်ရေးဟာ ဆက်လက်ကြန့်ကြာနေအုံးမှာ ပါ။ ထိုအကျင့်ဆိုးတွေကို ဖြောက်ပျက်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တိုးတက်ရေးဟာ မကြန့်ကြာနေတော့ပါဘူး။ ဒီမိုကရေစီနဲလည်း နီးသထက်နီးလာမှာဖြစ်ပါတယ်။ နောက်ပိုင်းကြမှ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြန်လည်တင်ပြပေးပမယ်။ ထိုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် အမေစုကို အားလုံးက မေးကြတယ် "ဘယ်တော စစ်မှန်တဲ့ဒီမိုကရေစီ ရမှာလဲ" ဆိုတဲ့ မေးခွန်းကို အမေစုဖြေတဲ့ "ဘယ်တော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရမလဲ ဆိုတာ ပြည်သူတွေအားလုံးပေါ်မှာ သက်ဆိုင်တယ်" ဆိုတဲ့အဖြေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။ ကျွန်တော်အပါအဝင် စာဖတ်ပရိတ်သတ်နဲ့ ပြည်သူများလည်း အမေစုကိုလေစားကြမှာပါ။ဒါပေမဲ့ လေးစားနေလို့ တင်မပြီး သေးပါဘူး။ သူမကို လေးစားလို့ သူ့မအနေနဲ့ အားတက်စရာ ဖြစ်မလာပါဘူး။ သူမပြောတဲ့ စကားကို တတွေတသိမ် လိုက်နာမှ သူ့အနေနဲ့လဲ အားတက်လာမှာပါ။ သူအားတက်မှလည်း မြန်မာနိုင်ငံကြီး မြန်မြန်တိုးတက်လာမှာပါ။ ယခု သူမက ရန်သူကို အသာစည်းကနေ နေနိုင်ဖို့အတွက် အသေအလဲပြင်ဆင်နေတာ အားလုံးလည်း သိကြမှာပါ။ သူမလုပ်နေတာ သူကောင်းစားဖို့ လုပ်နေတာမဟုတ်ဘူး ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ သူမအသက် (၆၀) ကျော်ပေမဲ့ အသက် (၃၀) သို့မဟုတ် (၃၀) ထက် ငယ်တယ်လို့ ထင်ရလောက်အောင် ကျိုးစားပြင်ဆင်နေတာ အားလုံးလည်း သိကြမှာပါ။ ဒါကိုကြည့်ပြီး ပြည်သူများက သူမ အခုမသေပါဘူး လို့တော့မထင်လိုက်ပါနဲ့ ဗုဒ္ဓကလည်း "လူဆိုတာ သေခြင်းတရားနဲ့ ကျောနဲ ရင်ဘတ်လို ကပ်နေတာလို့" ဟောကြားထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ပြည်သူများ အားလုံးနဲ့ တခြားနိုင်ငံကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးက အမေစုလို ကျိုးစားကြမယ်ဆိုရင် ရန်သူဟာ ကြာကြာခံနိုင်မှာ မဟုတ်ပါဘူး။ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များလည်း သိကြတဲ့ အတိုင်းပဲ ရန်သူဦးရေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာလူဦးရေနဲ့ ယှဉ်လိုက်ရင် ဘာမှ မရှိဘူး တောင်ထင်ရပါတယ်။ ထိုရန်သူကို နည်းတယ်ထင်ပြီး ရှော့မတွက်လိုက်ပါနဲ ရန်သူဟာ သေးပေမဲ့ သူအစွယ်နဲ့ သူပါ။ ရှော့တွက်လို့လည်း အခုထိ ရန်သူကို အနိုင်မရသေးတာပါ။ယခုအချိန်ဟာ မြန်မာပြည်သူတွေ အတွက် အခွင့်ကောင်းပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံရေးကို စိတ်နေကြတဲ့ အချိန်ပါ။ ဒါကိုအခွင့်ကောင်းယူပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်ပြီး အောင်ပွဲခံနေမယ် ဆိုရင်တော့ ဒီမိုကရေစီရဲ့ ဘိုး၊ဘွား၊ဘီ၊ဘင်မပြောနဲ ဒီမိုကရေစီရဲ့ သား၊မြေး၊မြစ်တွေတောင် အနားကပ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လောက်အရေးပါလဲဆိုတာ အခုမှ သိတော့တယ်။ ငယ်ငယ်တုန်းက သိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဒီလောက်ထိအရေးပါလိမ်လို့ မထင်ထားခဲ့မိခဲ့ဘူး။ အခု ကျွန်တော် အသက်ကြီးမှ သူအကြောင်းကို အမေစုနဲ့ဆက်ဆက်ပြီး တွေးကြည့်မှ ဒီလူကြီးက နိုင်ငံအတွက် တော်တော်အရေးပါတဲ့ လူဆိုတာ သိလာပါတယ်။ သူလုပ်ကျန်ခံရလို့ နိုင်ငံဟာ စုတ်ပျက်ငတ်ပျက်ခြောက်ကပ်၊ မြန်မာနိုင်ငံသားတွေ တခြားနိုင်ငံ သွားရင် အလူအလဲ အနှိုမ်ခံနေရတာ အမေစုအစား ကျွန်တော်ပြန်စဉ်းစားကြည့်ရင် အခု တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အရာရှိကြီးတွေကိုရော၊ ဗိုလ်ချုပ်ကို လုပ်ကျန်သတ်ပျက်တဲ့လူကိုရော ဒေါသဖြစ်မီပါတယ်။ ကျွန်တော်က သာဒေါသထွက် နေတာ တကယ် အဆုံးအရှုံးခံ၊ အနစ်အနာခံရတဲ့ အမေစုကတော့ ဗုဒ္ဓဟောတဲ့ တရားသဘောအရ ကျွန်တော်စံထားလောက်တဲ့ ပုတ်ကိုထဲမှာ အမေစုက ထိပ်ဆုံးက ပါနေပါတယ်။သူ့ခမျာ အဖေလည်း အဆုံးအရှုံးခံရတာတင်မကသေဘူး၊ အဖေအဆုံးအရှုံးခံရလို့များ တိုင်းပြည်ကကောင်းသွားသလားဆိုတော့ စာဖတ်သူသိတဲ့ အတိုင်းပဲ စုတ်ပျက်နေတာ အမေစုနေရာမှာသာဆိုရင် ကျွန်တော်စိတ်တက်ကျမှာကတော့ ပြေးပြီး အမေစုနေရာကနေ နေပြီပြီးတွေး ကြည့်စရာမလိုပါဘူး အခုချက်ချင်းတောင် အဖြေထွက်လာပါတယ်။ ဒါကြောင့် အမေစုလို အဖေကော၊ တိုင်းပြည်ကော အဆုံးအရှုံးခံရတဲ့ အဖြစ်ကို အားမ
ငယ်ပဲနဲ တိုင်းပြည်အတွက် ကျိုးစားနေတာကိုကြည့်ပြီး မြန်မာ ပြည်သူပြည်သားအားလုံးကိုလည်း နိုင်ငံရေးမှာ သူမလိုပဲ အားတက်သရော ပါဝင်လုပ်ဆောင်ကြပါလို့ အမေစုကိုယ်စားအနူးအညွန် တောင်းပန်လိုပါတယ်။ ထိုကြောင့် တိုင်းပြည်ရဲ့ရှေ့ရေးကို ကြည့်ပြီး ပြည်သူထဲက အကြံပေး/နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက်အနေနဲ မြန်မာနိုင်ငံရဲ့ တိုးတက်ရေးအတွက် နည်းလမ်းကို ထောက်ပြရင်း ဒီမှာတင် နိဂုန်းချုပ်ပရစေ။

No comments: