Monday, May 6, 2013
မြန်မာနိုင်ငံ၏ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာ တစ်ဦးအနေဖြင့် အကြံပေးခြင်း
ပထမဦးဆုံးအနေဖြင့် ဗုဒ္ဓအကြောင်းက နေအရင်ပြောလိုပါတယ်။ ဗုဒ္ဓဟာ သူ့ကိုရန်ပြုလာတဲ့သူ၊ ဒုက္ခပေးလာတဲ့ သူများကို မေတ္တာနဲ့ ခွင့်လွတ်ခြင်းတွေနဲ့ပဲ အနိုင်ယူခဲ့တာကိုပဲ တရားစာအုပ်၊ တရားတွေ ထဲမှာတွေ့ရပါလိမ့်မယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဟာ ဗုဒ္ဓပေးတဲ့/ဗုဒ္ဓလုပ်ခဲ့တဲ့ အနိုင်ယူနည်းများဖြင့်ပဲ အနိုင်ယူသင့်ပါတယ်။ အခု မိတ္ထီလာမှာ ဖြစ်တဲ့ ပြဿနာမှာ ကျွန်တော်တို့ဖက်က ရန်ကို ရန်ဖြင့် ဖြေရှင်းခဲ့တဲ့ အတွက် ပြဿနာတွေက သေးမသွားပဲ ပိုကြီးသွားခဲ့ပါတယ်။ ထိုကြောင့် နောက်ဖြစ်လာမဲ့ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခများတွင် ရန်ကို ရန်ဖြင့် မဖြေးရှင်းပဲ ရန်ကို မေတ္တာဖြင့် ဖြေရှင်းရန် နှင့် ပြဿနာတစ်ခုကို ရေတိုမစဉ်းစားပဲ ရေရှည်ဖြစ်လာမဲ့အကြိုးဆက်တွေကို စဉ်းစားပြီး ဖြေရှင်းရန် ဗုဒ္ဓဘာသာ တစ်ဦးအနေဖြင့် အကြံပေးလိုပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment