Friday, January 27, 2012


သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်တဲ့ပုံစံဟာ ထိန်ချန်ချင်လို့ လွတ်တဲ့ ပုံစံပေါက်နေပါတယ်။ မြန်မာပြည်သူများနဲ့ နိုင်ငံရေးလှုပ်ရှားသူများ သတိပြုကြရန် အသိပေးလိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေပြီး၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်နေပြီလို့ တခြား နိုင်ငံတွေက ပြောတာကို သေသေချာချာစဉ်းစားဖို့လဲ သတိပေးလိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားစရင်း အတိအကျမရှိလို့ ဖြစ်ပါတယ်။ ရန်သူခုလို မထိန်ချန်နိုင်အောင် ပြည်ပရောက်မြန်မာနိုင်ငံသားနဲ့ ပြည်တွင်မှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံးကို ထိုအတွက် ကြိုးစားစေချင်ပါတယ်။ ယုန်နဲ လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို အခုနေရာမှာ ဥပမာပြုပြီး ကြိုးစားစေချင်ပါတယ်။ ဒီအချိန်ဟာ ပြည်သူတွေ အတွက်အခွင့်ကောင်းဖြစ်သည့် အတွက် ပြောရခြင်းဖြစ်သည်။ ဒီလိုဖြစ်နေပေမဲ့လဲ ရန်သူမှာ ဘာအကွက်ရှိလဲ မသိဘူး၊ ဇွတ်ကို ကောင်းပြနေတော့ တာ မယုံနိုင်စရာ အကြောင်းများရှိပါသည်။ ထိုအချက်ကို မြန်မာပြည်သူပြည်သားအားလုံးအား သိစေချင်ပါသည်။ ၎င်းအချက်ကို အားလုံးအား စဉ်းစားအဖြေ ရှာ်းကြပါ။

No comments: