Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေးလေးနှစ်ပြည့်


ရွှေဝါရောင် တော် လှန်ရေး လေးနှစ်ပြည့် ကာလ ကျရောက် တဲ့ စက်တင်ဘာလ ၂၆ ရက်
တနင်္လာ နေ့  နေ့ လည် ၁ နာရီ မှာ ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  မှာ ကချင် ပြည်နယ် မှာ
တည် ဆောက် နေ တဲ့ ဧရာဝတီ မြစ်ဆုံ ရေကာ တာ ဆန့် ကျင် ကန့် ကွက် ပွဲ တစ်ခု ကို လူငယ်
တွေ နဲ့  ကျောင်းသား တွေ(Just do it)အဖွဲ့ က ဦး စီး ပြီး ကျင်း ပ မယ်ဟုသတင်း ရရှိ သည်။

မူလ က တရုတ် သံရုံး ရှေ့ တွင် ကျင်းပ ရန် စီစဉ် ထား သော် လည်း အားလုံး ပါဝက် နိုင်ရန်
အတွက် ရန်ကုန် မြို့  မြို့ တော် ခန်းမရှေ့  သို့  ရွှေ့ ဆိုင်း ရခြင်း ဖြစ် သည်။

မြို့ တော် ခန်း မ ရှေ့ တွင် ကျင်းပမည့် မြစ်ဆုံ ရေကာတာ ဆန့် ကျင် ကန့်  ကွက် ပွဲ ကို
ဖေ့ဘွတ် နှင့် တွစ်တာ အင်တာနက် လူမှု ကွန်ယက် မီဒီယာ များ တွင် လည်း နှိုးဆော်
ထား သည်။

Saturday, September 10, 2011

Being Arrested on Return Despite Promises


လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

Source: http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23

လွဲနေဆဲပါပဲ

တစ်နိုင်ငံလုံးမှီခိုအားထားနေရတဲ့ ဧရာဝတီမြစ်ကြီးကို ပေါက်ဖော်တွေမီးထွန်းဖို့ ဖျက်ဆီးတာ အဓိပ္ပါယ်မရှိဘူး။
နိုင်ငံကအဆင်းရဲဆုံးစာရင်းပါနေချိန်မှာ ခေါင်းဆောင်ဆိုသူတွေက "စိန်စီသောညတွေ" ပဲ လုပ်နေတာလည်း အဓိပ္ပါယ်မရှိဘူး။
ပရဟိတသူရဲကောင်း ဦးကျော်သူတို့ကိုတုပြီး ဖွင့်တဲ့ဆေးခန်းတွေမှာ စေတနာမပါတော့ လူတောင်မရှိတာလည်း အဓိပ္ပါယ်မရှိဘူး။
ဗေဒင်ဆရာတွေပြောသမျှကို ရူးသလိုလို ပေါသလိုလို လိုက်လုပ်နေတာ လည်း အဓိပ္ပါယ်မရှိဘူး။
ဘောင်းဘီဝတ်ထားရင် တရုပ်မကြီးတောင် ကြောက်ကြောက်နေရတာလည်း အဓိပ္ပါယ်မရှိဘူး။
လက်တစ်ဆုပ်စာလူတစ်စု ကောင်းစားဖို့ အောက်ခြေကစစ်သားတွေမှာ ကျွန်ခံပြီး ဘတ်စ်ကားတောင်အနိုင်နိုင်စီးနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
ဒီလက်တစ်ဆုပ်စာလူတစ်စုကြောင့်ပဲ စစ်သားဆိုရင် မုန်းနေရတာလည်း အဓိပ္ပါယ်မရှိဘူး။
သံဃာတော်တွေကိုတောင်သတ်တဲ့သူတွေက လက်အုပ်အချီခံချင်နေတာလည်း အဓိပ္ပါယ်မရှိဘူး။