Sunday, November 27, 2011

တိုင်းရင်းသားများမဟာမိတ်အဖွဲ့က ဝန်ကြီးကလင်တန်သို့ အိတ်ဖွင့်စာပေးရန်စီစဉ်နေ


မြန်မာနိုင်ငံသို့ ဝန်ကြီးကလင်တန်လာလျင် တိုင်းရင်းသားမဟာမိတ်အဖွဲ့က မြန်မာနိုင်ငံအခြေအနေအကြောင်းရေးထားတဲ့စာကို ဝန်ကြီးကလင်တန်သို့ ပေးမည်ဟုသိရပါသည်။ ထိုစာထဲတွင် အစိုးရက ပြောနေတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာမဟုတ်ကြောင်းနဲ လူ့အခွင်အရေးတွေ ချိုးဖောက်နေတာတွေ၊ တိုင်ရင်သားဒေသတွေမှာ စစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေရတဲ့ အကြောင်းတွေပါဝင်မှာဖြစ်ပါတယ်။ ၎င်းတို့ကို ဟင်လရီကလင်တန်နဲ သူ့အဖွဲ့သားတွေ သိစေစီစဉ်တယ်လို့ သိရပါတယ်။

Saturday, November 5, 2011

GW songs


ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ နိုင်ငံရေး


"ကိုယ်တစ်ယောက်ထဲအတွက်၊ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။"

သတင်း!!!!!


အခုလို အစစအရာရာ ခေတ်မှီတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ တိကျမှန်ကန်မြန်ဆန်တဲ့ သတင်းမီဒီယာဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ သတင်းမီဒီယာတွေ မရှိတဲ့ နိုင်ငံဟာ ဆုတ်ယုတ် မှု အများကြီးရှိနိုင်ပါတယ်။ စီးပွါးရေးအရ ကြည့်မလား၊ သဘာဝဘေးအန္တရာယ်ဘက်က ကြည့်မလား တော်တော်များများက သတင်းတွေပေါ်မှာ မှီခို နေရပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ငံကို မုန်တိုင်းဝင်တော့မယ်ဆိုတာ သတင်းတွေကပဲ သိနိုင်ပါတယ်။ ထိုသို့ သိဖို့ကလဲ သတင်းတွေကို အချိန်တိုင်း ထုတ်လွှင့်ခွင့်ပြုဖို့ လိုအပ်ပါတယ်။ တဖန် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လဲ အစိုးရနဲ ပြည်သူအကြားမှာ ဆက်သွယ်ပေးနိုင်တာ သတင်းမီဒီယာတွေကပဲ အများဆုံးလုပ်ပေးနိုင်မှာပါ။ ဒီလို သတင်းမီဒီယာတွေက အဓိကကျချိန်မှာ မြန်မာအစိုးရက စတုတ္ထမန်တိုင်လို့ ပြောနေတာက သဘာဝမကြပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရက တကယ်မပြောင်လဲချင်ဘူး ဆိုတာ သိသာနေပါတယ်။ သူတို့ ပါးစပ်ထဲက ဒီမိုကရေစီနိုင်ငံဖြစ်ပြီးလို့သာ ပြောနေတာ၊ ဒီမိုကရေစီနဲ့က လူနှစ်ယောက်ကျောခြင်းကပ်ပြီး ပြေးနေသလို ဝေးပြီးရင်းဝေးနေပါတယ်။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတွေမှာ သတင်းတွေက အပတ်တိုင်း မပြောနဲ တီဗီမှာ အရေးကြီးရင်ကြီးသလို အချိန်တိုင်းလွှင့်နေတာ၊ မြန်မာနိုင်ငံမှာတော့ တစ်ပတ်တစ်ခါထုတ်တဲ့ သတင်းကိုတောင် ဟိုနားကဖြတ်လိုက်ဒီနားကဖြတ်လိုက်နဲ့ သတင်းမီဒီယာတွေမှာ မှန်ကန်တိကျတဲ့ သတင်းတောင် ထုတ်ခွင့်မရသေးဘူး။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့က လွတ်လပ်စွာ သတင်းယူခွင့်၊ ထုတ်ဝေခွင့်ပြုဖို့ လိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီရဲ့အနှစ်သာရရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူများအားလုံး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်နိုင်ပါစေ။