
အမေစု အခုလို လွတ်မြောက်လာတာကို ကြိုဆိုပါတယ်။ ဝမ်းသာပါတယ် အမေ။ အမေပြောခဲ့တဲ့ "အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့" ဆိုတဲ့ စကားလေးက သိပ်ပြီးအဓိပ္ပာယ်ရှိပါတယ်။ စိတ်ချပါအမေ။ ငြိမ်မနေပါဘူး။ အမေစု ကျန်းမာပါစေ။
အလံပြောင်းလို့ တိုင်းပြည်မတိုးတက်ပါဘူး။ စနစ်ပြောင်းမှ တိုးတက်မှာပါ။
စနစ်ပြောင်းဖို့ကလဲ စစ်အစိုးရ ကျဆုံးမှ ဖြစ်မှာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အခုကတည်းက ချိုးဖောက်နေတဲ့ နအဖစစ်အစိုးရကို ရွေးကောက်ပွဲပြီးရင်ကော ယုံကြည်လို့ရပါ့မလား။
အဓိပ္ပါယ်ပြည့်စုံတဲ့ အလံဟောင်းကို ဖြုတ်ချပြီး တင်တယ်ဆိုတဲ့ အလံကလည်း Lithuania အလံ နဲ့ Ethiopia အလံကို ခိုးကူးထားတာပါပဲ။
Event Location:Victoria Park, Camperdown
Event Date :Sunday 24 October 2010
Time :11 am – 1 pm
Event Details:Aung San Suu Kyi – 15 years too long
On 24 October Aung San Suu Kyi will have spent 15 years under house arrest. She is just one of 2,100 political prisoners in Burma.
“Please use your liberty to promote ours”, Aung San Suu Kyi
Australian shave never faced such persecution. But we stand up for those who do.
On Sunday 24 October people will gather in Victoria Park, Camperdown Sydney, to form a human message of support for Aung San Suu Kyi and the people of Burma, by spelling out “Free ASSK”, answering Aung San Suu Kyi’s call to use our liberty to promote hers and the people of Burma.
JOIN US on SUNDAY 24 OCTOBER to create a human message of support for Aung San Suu Kyi and the people of Burma.
Organised by Burma Campaign Sydney
ချိတ်ပိတ်ခံလိုက်ရသည့် ဒေါ်လှဆင်ပိဋကတ်တိုက်
ချိတ်ပိတ်ခံလိုက်ရသည့် ဒေါ်လှဆင်ပိဋကတ်တိုက်
သစ်တောဝန်ကြီး ဦးသိန်းအောင်က ရွေးကောက်ပွဲတွင် ၎င်းအားမဲထည့်ရန်အတွက် ဒေသခံလယ်သမားများအား စက်ရေတွင်းတူးရန် ချေးငွေများ ထုတ်ပေးနေလျှက်ရှိသည်။
ယခုလဆန်းပိုင်းမှ စတင်၍ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆)အုပ်စုမှ လယ်သမားများအား ရေရရှိရေးအတွက် စက်ရေတွင်းများတူးရန် အတိုးနှုန်းဖြင့် ငွေချေးပေးနေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။
အဆိုပါချေးငွေထုတ်ပေးသည့် ကျေးရွာများမှာ ခြောက်ရွာအုပ်စု၊ ကျွဲဆင်းအုပ်စု၊ လိပ်ပေါင်ဆွဲအုပ်စု၊ သပြေကုန်းအုပ်စုနှင့် နွားခြံကျေးရွာအုပ်စုတို့ဖြစ်သည်။
“အဲဒါက ချေးငွေယူကြတဲ့ လယ်သမားတိုင်းက ဦးသိန်းအောင်ကို ထောက်ခံမဲ ထည့်ရမယ်ပြောတယ်၊ သူတို့ပြောတာက လယ်သမားတွေအတွက် စပါးစိုက်ပျိုးမယ်ဆိုရင် ရေကောင်းကောင်းရမှ စပါးအထွက်ကောင်းမယ်ဆိုတော့ လယ်သမားတွေတချို့က ချေးရတာပေါ့” ဟု ဒေသခံက ပြောသည်။
စက်ရေတွင်းတူးရန်အတွက် တတွင်းလျှင် ငွေကျပ်(၁၈၀,၀၀၀) နှုန်းဖြင့် ထုတ်ချေးနေခြင်းဖြစ်ပြီး ချေးငွေတဝက် ( ၉၀,၀၀၀) ကျပ်ကို ၂၀၁၁ ခုနှစ်တွင် အတိုး ၃ ကျပ်နှုန်းဖြင့် ပြန်ဆပ်ရမည်ဖြစ်ကာ ကျန်ငွေကို အတိုးမဲ့ ပြန်ဆပ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဦးသိန်းအောင်သည် အင်္ဂပူမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောင်အရွေးခံမည်ဖြစ်ပြီး ထောက်ခံမဲများရရှိဖို့ ကျပ်ငွေ သန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံ စည်းရုံးမှုများပြုလုပ်နေလျှက်ရှိကာ ရွေးကောက်ပွဲကာလအတွင်း ၎င်းနေထိုင်ရန်အတွက် အင်္ဂပူမြို့ပေါ်တွင် သိန်းထောင်ကျော်တန်သည့် နေအိမ်ကိုလည်း ဆောက်လုပ်ထားသူ ဖြစ်သည်။
By abma | October 9, 2010
အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာက အကြမ်းအားဖြင့် အသက်ကြီးသူ တယောက်ဟာ အလုပ်တခုခုကို လုပ်တော့မယ်ဆိုရင် ဉာဏ်ပညာနဲ့ ရှေ့နောက် ဆင်ခြင်စဉ်းစား တွေးခေါ်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။
အဲဒီလို အသက်ကြီးပြီး အချိန်မစီးသူတွေထဲမှာ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးလည်း ပါဝင်ပါတယ်။ သူအချိန် မစီးပုံကို အောက်ပါသတင်းတပုဒ်အရ သိနိုင်ပါတယ်။ သတင်းခေါင်းစဉ်က “လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်”။ အဲဒီ သတင်းခေါင်းစဉ်အောက်မှာ – ရွေးကောက်ပွဲမတိုင်မီ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့် သေနတ်သမား တွေလာပြီး လုပ်ကြံခြင်း၊ ကားဖြင့် အသေခံဗုံးခွဲ လုပ်ကြံခြင်းဖြစ်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း”၊ “ဗိုလ်ချူပ်မှူးကြီးကို လုပ်ကြံသူများမှာ မြ၀တီ မဲဆောက်တို့ဘက်က လာမည်ဟုကြားကြောင်း” ဖော်ပြထားတာတွေ့ ရပါတယ်။ (ဧရာဝတီ-၂၀၁၀-စက်တင်ဘာ-၂)
ဒါကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချူပ်မှူးကြီးဟာ မဖြစ်နိုင်တာတွေကို တွေးပြီး သေရမှာ ကြောက်နေတယ်ဆိုတာ ထင်ရှားတယ်။ သေရမှာကြောက်မှာပေါ့၊ သူ့မှာ သီလ၊ သမာဓိ၊ ပညာမှ မရှိဘဲကိုး။ လူဖြစ်လာရင် အိုရမယ်၊ နာရမယ်၊ သေရမယ် ဆိုတဲ့ လောကဓံတရား ခေါင်းပါးနေတာကိုး။ သူများကိုတော့ သတ်ရဲတယ်။ သူသေရမှာတော့ ကြောက်တယ် ဆိုတော့ တော်တော် တရားကျဖို့ကောင်းတဲ့သူပဲ။
နှစ်ပေါင်း ၂၀ ကျော် စည်းစိမ်၊ အာဏာ ယစ်မူးနေခဲ့တာ အားမရသေးလို့ ဆက်လက် ယစ်မူးချင်သေးလို့၊ သို့တည်းမဟုတ် ရပြီးသား စည်းစိမ်ဥစ္စာအာဏာ အသပြာတွေ ဆုံးရှုံးသွားမှာစိုးလို့၊ သို့တည်းမဟုတ် နိုင်ငံတော်ရဲ့ သယံဇာတနဲ့ ဘဏ္ဍာတော်တွေကို နောက်ထပ် မခိုးဝှက်ရတော့မှာစိုးလို့ … သေရမှာ ကြောက်နေတာများ ဖြစ်မလား … တခုခုပဲ။ ဒါမှမဟုတ် အားလုံးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါတွေသူတွေးပြီး သေရမှာ ကြောက်နေတာ ဖြစ်တယ်။ အဲသလိုတွေးပြီး ကြောက်နေတာကိုက သူ့မှာ သီလ၊ သမာဓိ၊ ပညာ အသိဉာဏ် မရှိဘူးဆိုတာ သက်သေပြသလို အသက်ကြီးပေမယ့် အချိန်မစီးတာကို ပြသနေတာဖြစ်တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်ထဲမှာ အသက်အကြီးဆုံး၊ ရာထူးအကြီးဆုံး ရထားတဲ့ ဘွဲ့တဆိပ်တွေက အမြင့်ဆုံး၊ တိုင်းပြည်မှာ ပစ္စည်းဥစ္စာ အသပြာလည်း အကြွယ်ဝ အချမ်းသာဆုံး၊ စည်းစိမ်စံစားတဲ့ နေရာမှာလည်း ထိပ်ဆုံး။ အဲဒီလို အသက်လည်းကြီး အဆုံးစွန်အောင်လည်း စံစားခဲ့ပြီးပြီဆိုတော့ သေမယ်ဆို ကောင်းကောင်းကြီး သေပျော်ပါပြီ။ ဒါပေမယ့် မဖြစ်နိုင်တာကိုတွေးပြီး ကြောက်နေတယ်ဆိုတော့ သူ့မှာ အသိဉာဏ်မရှိဘူး၊ အချိန်မစီးဘူးဆိုတာ ထင်ရှားနေပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းကွာခြားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ မိန်းမသားဖြစ်ပေမယ့် သီလ၊ သမာဓိ ပညာရှိတဲ့ အတွက်ကြောင့် သေရမှာမကြောက်။ ဘယ်ယောက်ျား ဘယ်မိန်းမမှ မစွန့်ရဲတဲ့ စည်းစိမ်ဥစ္စာ၊ ခင်ပွန်းနဲ့သားများကို စွန့်လွှတ်ထားပြီးပြီ။ သူတပါး အသက်ကိုသတ်ရမှာ ကြောက်ပေမယ့် သူအသတ်ခံရမှာ မကြောက်။ ဒါကြောင့် တိုင်းပြည်နဲ့ပြည်သူများ ကောင်းကျိုးအတွက် စွန့်လွှတ်ရန် ကမ္ဘာသိ ကြေညာထားပြီးဖြစ်တယ်။ ဘယ် ယောက်ျား ဘယ်မိန်းမမှ မလုပ်နိုင်တဲ့ မလုပ်ရဲတဲ့ အလုပ်တွေ လုပ်ခဲ့ပြီးပြီ။ ရှေ့ဆက်လုပ်နေတုန်းပဲ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၁၀ နှစ်ကျော်ကြီး ယောက်ျားရင့်မာကြီးဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေဟာ သီလ၊ သမာဓိ၊ ပညာ အသိဉာဏ် မရှိလို့ ကယောင်ကတမ်းတွေတွေးပြီး သေရမှာ ကြောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် လို စည်းစိမ်ဥစ္စာ မစွန့်ရဲ၊ လက်နက် အာဏာ အသပြာ မစွန့်ရဲ၊ ဇနီးသားသမီးများကို ပိုပြီးတော့တောင် မစွန့်ရဲ။ သူများ အသက်ပေါင်းများစွာကို သတ်ခဲ့ပေမယ့် သူသေရမှာ အလွန်ကြောက်နေတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လို တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် အသက်စွန့်ဖို့ဆို အိပ်မက်တောင် ယောင်လို့မက်ရဲမှာ မဟုတ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တိုင်းသူပြည်သားတွေရဲ့ အသက်ရာပေါင်းများစွာကို သတ်ခဲ့ပြီး အခု သူ့အလှည့်ကျမှ သေရမှာ ကြောက်နေတယ်။ သူ့မှာ လုံခြုံရေး အပြည့်ရှိနေတာတောင်မှ ကြောက်နေတယ်ဆိုတော့ တကယ့်သူရဲကောင်းကြီး ပါလား။ ဒါနဲ့များ ဗိုလ်ချုပ်မှူးကြီးရာထူးကို ယူထားသေးတယ်။ သူမရှက်ပေမယ့် သူ့အစား ရှက်မိပါတယ်။
ဒီလောက်ဆို ဗိုလ်ချုပ်မှူးကြီးဟာ ဒေါ်အောင်ဆန်းစုကြည်လောက် အချိန်မစီးဘူးဆိုတာ သိလောက်ပါပြီ။
ဗိုလ်ချုပ်မှူးကြီးဟာ အချိန်မစီးဘူးဆိုတဲ့ နောက်သာဓကကိုလည်း ကြည့်ပါ။
၂၀၁၀ စက်တင်ဘာ ၂ ရက်နေ့ထုတ် ရာဝတီသတင်းမှာပဲ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့်သေနတ် သမားတွေ မြဝတီ မဲဆောက်ဘက်ကလာပြီး လုပ်ကြံမယ်” ဆိုတဲ့နေရာမှာ နိုင်ငံခြား လက်ဖြောင့်သေနတ်သမားတွေဟာ ဒီလောက်ဝေးလံတဲ့ မြဝတီ-မဲဆောက်ကနေ သေနတ်တွေကို နေပြည်တော်ရောက်အောင် သယ်ယူလာဖို့ လွယ်မယ်တဲ့လား။
မြဝတီ-မဲဆောက်က နေပြည်တော် အထိရောက်ဖို့ မိုင်ရာပေါင်းများစွာဝေးပြီး စစ်ဆေးရေးဂိတ်ပေါင်းများစွာကို လွတ်အောင် ဘယ်လို ကျော်ဖြတ်သွားနိုင်မှာလဲ။ ဂိတ်တိုင်းမှာ ရဲ၊ စစ်တပ်တွေက အမြဲတမ်းစောင့်ဖမ်းနေတာ ဘယ်လို လွတ်နိုင်မှာတဲ့လဲ။ လွတ်တယ်ပဲထားဦး။ နေပြည်တော် နယ်နိမိတ်မှာ ရဲ၊ စစ်တပ်၊ စစ်ထောက်လှမ်းရေးတွေကို ဘယ်လိုကျော်ပြီး နေပြည်တော်ထဲရောက် အောင်လာနိုင်မှာလဲ။ ရောက်တယ်ပဲထား၊ ဗိုလ်ချုပ်မှူးကြီးရဲ့ ပတ်ပတ်လည်မှာ လက်ရွေးစဉ် သက်တော်စောင့်တွေ အထူးတပ်တွေက လက်နက်နဲ့လာတဲ့ နိုင်ငံခြားသားကို မဖမ်းဘဲ လက်ပိုက်ကြည့်နေမှာတဲ့လား။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပတ်ပတ်လည်မှာလဲ နဂိုကတည်းက သူ့ကိုလုပ်ကြံမှာ ကြောက်လွန်းလို့ အတွင်းစည်း အပြင်စည်းတွေ အထပ်ထပ်ချထားတဲ့အတွက် ဘယ်က လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆန် ဗိုလ်ချုပ်မှူးကြီးဆီ ရောက်နိုင်မှာလဲ။
တဖန် “ကားနဲ့လာပြီး အသေခံဗုံးခွဲ” ရအောင်လည်း ဘယ်က သူစိမ်းကားတွေနဲ့အတူ ဘယ်လိုလုပ်ပြီး နေပြည်တော်ထဲ ရောက်အောင်လာနိုင်မှာလဲ။ ဘယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွက ရောသူတို့ကို အရှင်လတ်လတ်ထားမှာတဲ့လဲ။
အဲဒီတော့ မြဝတီ-မဲဆောက်မြို့ဘက်က သေနတ်တွေနဲ့လာမယ့် နိုင်ငံခြားသားတွေဟာ ဘယ်လိုဘယ်နည်းနဲ့မှ နေပြည်တော်အနီး ရောက်ကို မရောက်နိုင်ဘူး။ နိုင်ငံခြားသားမပြောနဲ့ ဘယ်ဗမာ၊ ဘယ်ကရင်၊ ဘယ်ကချင် ဘယ်ဝတွေမှ လက်နက်နဲ့ နေပြည်တော်ထဲရှိ ဗိုလ်ချုပ်မှူးကြီးအနီး ရောက်အောင် သွားကိုမသွားနိုင်သလို ဘယ်နိုင်ငံခြားသားမှ ကားနဲ့ နေပြည်တော်ထဲရှိ ဗိုလ်ချုပ်မှူးကြီး အနီးရောက်အောင် သွားကို မသွားနိုင်ဘူး၊ ကြားလည်း မကြားဖူးဘူး။
လူမပြောနဲ့ ရိုးရိုးခွေးတောင်မှ ဗိုလ်ချုပ်မှူးကြီး အနီးရောက်အောင် မသွားနိုင်ဘူး။ ဗုံးတွေချည်ပြီးလွှတ်တဲ့ ခွေးဆို ပိုဝေးသေး။ ဘယ်လိုမှ မဖြစ်နိုင်တာကို တွေးပြီးကြောက်နေတာဟာ သူကိုယ်တိုင် ဆင်ခြင်တုံတရား မရှိတာကို ပြတာဖြစ်တယ်။ သူပြောတာကို ယုံသူဟာလည်း သူ့လို ဆင်ခြင်တုံတရား ကင်းမဲ့သူတွေသာဖြစ်တယ်။
သီလ၊ သမာဓိ၊ ပညာအသိဉာဏ်မရှိလို့ မဖြစ်နိုင်တာတွေကို တွေးပြီး ကြောက်နေရင် တိုင်းပြည်ဆက်လက် မနစ်မွန်းရလေအောင် ဗိုလ်ချူပ်မှူးကြီးနဲ့  နအဖ ကောင်စီဝင်အားလုံး ပခုံး ၂ ဘက်၊ ရင်ဘတ် ၂ ဘက်ရှိ တံဆိပ်တွေဖြုတ်၊ စစ်ယူနီဖောင်းတွေ ချွတ်၊ မိမိတို့ ရာထူးအသီးသီးကနေ နုတ်ထွက်ပြီး မြန်မာနိုင်ငံက အပြီးအပိုင် ထွက်သွားကြဖို့ ဆင်းရဲဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူ တရပ်လုံးရဲ့ကိုယ်စား တောင်းဆိုလိုက်ရပါကြောင်း။By abma | October 9, 2010
သီတဂူဆရာတော်ကြီးဘုရား….
တပည့်တော်ကို ခြေတော်ဦးခိုက် လျှောက်ထားခွင့်ပြုပါဘုရား။
၂၁-၈-၂၀၁၀ ရက်နေ့က တပည့်တော်တို့(အင်းစိန်)အကျဉ်းထောင်ကြီးမှာ ရှိသမျှ အကျဉ်းသူ/သားများကို ဒန်ပေါက်ထမင်းနဲ့ တခြား စားသောက်ဖွယ်ရာမျိုးစုံနှင့် ဆေးဝါးစသည်တို့ကို လှူဒါန်းပြီး တရားဟောကြားခဲ့သည်မှာ တပည့်တော်တို့အတွက် တန်ဖိုးအရှိဆုံးနေ့ တနေ့ ဖြစ်ပါသည်ဘုရား။
ဆရာတော်ဘုရားဟောကြားသည့် တရားနာကြားရလို့ တပည့်တော်တို့ အတွက် ထိုတရက်သည် အမြဲတမ်း တမ်းတနေရတဲ့ ရက်ဖြစ်ပါ သည်ဘုရား။
တပည့်တော်တို့ အမြဲတမ်း မျှော်လင့်နေတာက အဲဒီလိုနေ့မျိုးမဟုတ်တောင် တပည့်တော်တို့သည် လူသားတယောက်ဖြစ်လို့ လူသား တယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပုံမှန်ရနေတဲ့နေ့မျိုးပါဘုရား။
အခုတော့ တပည့်တော်တို့ ဘဝတွေဟာ တရက်စံပြီး တသက်ခံရတဲ့ ပြိတ္တာတွေဘဝလို ဖြစ်နေပါသည်ဘုရား။
ဆရာတော်ဘုရားလာလှူပြီး တရားဟောတဲ့နေ့က မြင်တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ အခု တပည့်တော်တို့ ကြုံတွေနေရတဲ့ အခြေအနေတွေကို ဆရာတော်ဘုရားနှင့် ထောင်အပြင်က လူထု သိရှိ နှိုင်းယှဉ်နိုင်ဖို့ လျှောက်ထားတင်ပြလိုက်ခြင်းဖြစ်ပါသည်ဘုရား။
(၁) 7.10.2010 ရက်နေ့က ၄ဆောင် ၆ခန်းနေ ကိုဇော်မင်းထွန်းသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးခန်းပြရာတွင် ဆရာဝန်မှ ဆေးသောက်ရန် ညွှန်ကြားသည်။ ဆေးရုံမှာ ဆေးတောင်းသောက်ရန် ဆေးရုံကို ပြောကြားပေမဲ့ ဆေးရုံက ဆေးမရှိဟုဆိုပြီး အကြောင်းကြားခဲ့ပါသည်။ ထိုကိစ္စအား ၄ဆောင်မှူး ၀င်းဇော်မင်း အား တင်ပြရာ ဆေးတပ်သားမှာ ထိုသို့တင်ပြရမလားဟု ဆိုပြီး တာဝန်အချိန်အတွင်း အရက်သေစာ သောက်စားပြီး ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ပါသည်။
(၂) အကျဉ်းသားနံပတ် အစ - ၀၅-၀၂၉၉၃-က-ဟန်ဝင်းအောင်(၇)နှစ် သည် ဆေးယဉ် တီဘီရောဂါခံစားနေရပြီး၊ မောင်ကျော်မျိုးမင်း အစ ၀၉ ၀၂၂၄၈- ၄ တိုက် ၁ခန်း နေသူမှာလည်း လိပ်ခေါင်းရောဂါခံစားနေရသော်လည်း ယနေ့အချိန်ထိ ဆေးကုသခွင့်မရ ဖြစ်နေရပါသည်။
(၃) အဆောင် ၄တွင် အခန်းတစ်ခန်းတွင် အယောက် ၆၀သာ ထားရှိရမည်ဖြစ်သော်လည်း ယနေ့တွင် အယောက် ၁၂၀ကို သွတ်သွင်းထားသဖြင့် နေရာထိုင်ခင်းအဆင်မပြေမှု၊ ယားနားများကူးစက်နေမှု၊ သောက်ရေရှားပါးမှု၊ ချိုးရေရှားပါးမှုတွေကြောင့် အဆောင်၎ နေ အကျဉ်းသားများအားလုံး အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေရပါသည်။
(၄) အင်းစိန်ထောင်အတွင်း ထောင်ပိုင်အရာရှိအကြီးအငယ်များလာရောက်ရင်လည်း ရောက်သည့်နေရာတွင် ပုံစံထိုင်ခိုင်းခြင်း တို့ဖြစ်ပါသည်။
ဤကဲ့သို့သော ဖြစ်ရပ်များကိုကြည့်၍ ဆရာတော်ဘုရားရဲ့ အရှေ့မှာတုန်းက အကျဉ်းသားများအား ဂရုစိုက်သည့်ပုံစံကို ပြသခဲ့ပေမယ့် နောက်ကွယ်မှာတော့ ဆေးဝါး ကုသမှုအတွက်တောင် မလုပ်ဆောင်ပေးသလို ဆရာတော်ဘုရား လှူဒါန်းခဲ့တဲ့ ဆေးဝါးများကိုလည်း ဘယ်နေရာတွေမှာ အသုံးပြုနေပါသလဲဆိုတာကိုလည်း မသိကြရပါဘုရား။
ကျင်းပပေးမယ့် ရွေးကောက်ပွဲကြီးအတွက် နိုင်ငံတကာယုံကြည်မှုရရှိအောင် လူအခွင့်အရေးနဲ့ပတ်သက်တာတွေ အကျဉ်းသားတွေ အပေါ်မှာ အပြည့်အဝပေးထားသည့်သဘောသက်ရောက်အောင် ဆရာတော်ရဲ့ ဒါနနဲ့ နအဖရယူလိုက်တဲ့အမြတ်က တပည့်တော်တို့ ထောင်တွင်းဘဝတွေကိုသာမက ထောင်ပြင်ပက မလွတ်လပ်ကြတဲ့ တပည့်တော်တို့နိုင်ငံ ပြည်သူလူထုဘဝတွေကို ပို၍အကျဉ်းချ နိုင်စေသလိုဖြစ်ရပါသည်ဘုရား။
နောက်တခု တဆင့်ကြားရသည်မှာ သရက်အကျဉ်းထောင်အတွင်း ထောင်ပိုင်ကြီးမှာ လက်အောက်ငယ်သားတွေကို သာမက အကျဥ်းသူ အကျဉ်းသားများအပေါ် အကျင့်ပျက်ခြစားမှုတွေကို ပြုလုပ်နေကြောင်းနှင့် မိမိနှင့်အတူ ပါလာသော ဆွေမျိုးအသိုင်းအ၀န်းက ၀န်ထမ်းများအပေါ် မဆီမဆိုင်ဝင်ရောက်ပြောဆိုနေမှု ၀န်ထမ်းတွေရဲ့ လစာအပေါ် ဖြတ်စားမှု အကျဉ်းသားများကို ထမင်းသိုးများ ကျွေးနေမှု စသည့်လူမဆန်တဲ့လုပ်ရပ်တွေကို ပြုလုပ်နေကြောင်းနှင့် ထောင်အသီးသီး မှ အကျဉ်းသားအချို့ကို ကြံ့ဖွံ့ပါတီအတွက် ခိုင်းတဲ့အလုပ် လုပ်ပေးမည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည် ဟု စည်းရုံးနေကြောင်းလည်း သိရပါသည်ဘုရား။
ထိုထိုသို့သော အကြောင်းများကြောင့် ဆရာတော်ဘုရားလာသွားသည့် တရက်တာ စံစားခဲ့ရပြီး နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်ရှိ သော ဆေးကုသခွင့် အပါအဝင် လူ့အခွင့်အရေးအားလုံးကို ပိတ်တာ ခံနေရသည့် (တပည့်တော်တို့ရဲ့ တရက်စံ နေ့စဉ်ခံ ပိတ်တာ) အကြောင်းတွေကို ဆရာတော်ရောက်ရာနိုင်ငံတကာက လူသား အားလုံးနှင့် မြန်မာပြည်သူလူထု အားလုံးသိရှိအောင် ဟောကြားပေးပါရန် လျှောက်ထားတင်ပြအပ်ပါသည်ဘုရား။
လာမည့်ရက်ပိုင်းအတွင်း သံဃာတော်များမှ စုပေါင်းဆွမ်းလောင်းပွဲကို ပြုလုပ်ကာ ထိုမှတဆင့် မေတ္တာသုတ်ရွတ်၍ လမ်းလျှောက်မှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ လူထုရှေ့မှောက်၌ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် လှုံ့ဆော်မှုဖြစ်ပါသည်။ ပြည်တွင်းရှိ အင်အားစုများမှလည်း ၀ိုင်းရံပံ့ပိုးပေးနိုင်ရန် မေတ္တာရပ်ခံလိုက်ပါသည်။ ပါဝင်မှုကြီးလျှင်ကြီးသလောက် ကျယ်ပြန့်မှုရှိနိုင်ပါသည်။ မိမိတို့၏ အင်အားစုအနေများဖြင့် ပါဝင်နိုင်မှု အမျိုးမျိုးကိုရွေးချယ်၍ ပါဝင်ပေးရန် တင်ပြအပ်ပါသည်။
၁။ ဆွမ်းလောင်းရာတွင် ပါဝင်ဆောင်ရွက်ခြင်း။
၂။ သတင်းဖြန့်ချီလက်ဆင့်ကမ်းခြင်း။
၃။ ၂၀၁၀ ဆန့်ကျင်ရေးစာရွက်များ ပြည်သူလူထုကြား၌ ဖြန့်ဝေပေးခြင်း။
၎။ ထောက်လှမ်းရေးရဲများအား ချက်ချင်းမလာရောက်စေနိုင်သည့် အာရုံပြောင်းလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း။
၅။ မိမိတို့ အင်အားစုကိုယ်တိုင် ပါဝင်ဆန္ဒပြရန် ၂၀၁၀ ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လှုံ့ဆော်ခြင်း။
ဤလှုပ်ရှားမှုသည် နေ့စဉ်ရက်ဆက် မဟုတ်ဘဲ အချိန်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပါသည်။ တခြားနေရာများတွင်လည်း ဆင့်ပွားမီးကူးသကဲ့သို့ဖြစ်စေရန် စီစဉ်နိုင်လျှင်ကောင်းပါသည်။ လမ်းပြမြေပုံကို အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည့် သူများရှိနေလိမ့်မည်ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
A.B.M.A
All Burma Monks Alliance
http://allburmamonksalliance.com/
http://allburmamonksalliance.org/