Saturday, May 23, 2015

ခုလာမည့် ရွေးကောက်ပွဲတွင် တရားမျှတတဲ့ ရွေးကောက်ပွဲ မလုပ်ပေးရင်တစ်နိုင်ငံလုံး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် သပိတ်မှောက်ကြပါ။

တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာခဲ့ ရင်အရင်က လုပ်ခဲ့တဲ့ ကိစ္စတွေကို မေ့ပေးကြပြီး နိုင်ငံကောင်းကျိုးအတွက် စည်စည်လုံးလုံးလုပ်ဆောင်ကြစို့။

Thursday, May 7, 2015

သန်းရွှေနဲ့ မကောင်းအတူလုပ် နိုင်ငံခေါင်းဆောင်းများ ခင်ဗျားတို့တွေ ခုချက်ချင်းခေါင်းဆောင်းနေရာကဖယ်ဖို့ အချိန်ရောက်နေပြီး/ဒါမှမဟုတ်တရားမျှမျှတတနဲ့ အခြေခံဥပဒေကို ပြင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ရင်လုပ် မလုပ်ရင်နောင်မလွယ်ဘူး လို့သတိ ပေးချင်ပါတယ်။ ကောင်းတာလုပ်ဖို့ သံဝင်ခရကြပါတော့။ခုချိန်က ရသင့်နေပြီး၊ ခုမှမရရင် နောင်မလွယ်တော့ဘူး။ ခုအချိန်က ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ပါ။ ပြည်သူများလဲ လာမည်ရွေးကောက်ပွဲ တရားမျှတမှူ့ မရှိရင် မဲ့မထည့်ကြပါနဲ့ သပိတ်မှောက်ကြပါ။ ဘာမဟုတ်တဲ့ သပိတ်မှောက်မဲ့အစား ဒီသပိတ်အတွက် ပြင်ဆင်ထားကြစေချင်ပါတယ်။ ဒီရွေးကောက်ပွဲက အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအား ပေးကြပါ။ သူဟာ နိုင်ငံအတွက် မကောင်းတာလုပ်မဲ့သူမဟုတ်ဘူးဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ အကြံပေးတစ်ယောက်အနေဖြင့်

Friday, May 1, 2015

တိုင်းပြည်တိုးတက်ဖို့ လူတိုင်းလူတိုင်းဒေါသ၊မာန မရှိ/လျော့နည်းရင်ကောင်းမည်ထင်


ပထမဦးစွာ သမ္မတကြီး၊လူကြီးမှအစ ကလေးသူငယ်တွေ မြန်မာနိုင်ငံကြီးဒီမိုကရေးစိရပြီး၊ လွတ်လပ်လာပြီးအရင်ကထက်စာရင်။ အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တွေးမိတာလေး ဝေမျှချင်ပါတယ်။ မဝေမျှမိ တခုလောက်မေးချင်ပါတယ်။ ကျွန်တော်ပြောချင်တာလေးက အဲ့ဒါလေးကို အခြေခံပြီးပြောချင်လို့ပါ။ အဲ့ဒါလေးက  ဒီမိုကရေးစိ ဆိုတာဘာလဲဆိုတာ????? သိကြလားမသိဘူး။ သူ့ရဲ့ definition က အရမ်းကိုလေးနက်လို့ပါ။ တွေးရင်တွေးသလောက်အဖြေက လေးနက်လာပါတယ်။ ကျွန်တော်တွေးလို့ ရတာကတော့ လွတ်လွတ်လပ်လပ် တွေးတောပိုင်းခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် နှင့် လွတ်လွတ်လပ်လပ် နေနိုင်ခွင့်ကိုဆိုပါတယ်။ လွတ်လပ်တယ်လို့ပြောလိုက်တဲ့ အတွက် လွတ်လပ်တယ်ဆိုတာ ဘာလဲလို့မေးခွန်း ထုတ်ဖို့လိုအပ်လာပါတယ်။ ဘယ်သူ့အတွက် လွတ်လပ်တာလဲ????? ကိုယ်လွတ်လပ်တာလား/တခြားသူတွေလွတ်လပ်တာလား/ကိုယ်ရောအခြားသူတွေကောလွတ်လပ်တာလား???????? ဒီနေရာမှာ ကိုယ်ပဲလွတ်လပ်တယ်/သူများပဲလွတ်လပ်တယ် ဆိုတာနဲ့ မပြီးပါဘူး။ ကိုယ်ကိုတိုင်ရော သူများရောလွတ်လပ်တယ် ဆိုရင် အကောင်းဆုံးလို့ ထင်ပါတယ်။ ဒါမှ တကိုယ်ကောင်းမဆန်မှာ။ ခုတလောဖြစ်နေကြတဲ့ပြဿနာတွေ ကကိုယ့်အတွက် ပဲကြည့်နေကြလို့ပါ။

ဆက်ရန်